(Photo- Credit)
MT News
Written by Nay Moe
PDF များက ပျုရွာဟု သတ်မှတ်ထားသည့် ကျောက်ခဲတက်ရွာမှ ရွာသားတစ်ဦးကို PDF ၅၀ ခန့်က လာရောက် သ-တ်ဖြ-တ်ကာ ရွာသားနှစ်ဦးနှင့် နွားခြောက်ကောင် ဖမ်းဆီးသွားမှု ဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ဖြစ်စဥ်မှာ စက်တင်ဘာ ၂၁ ရက် နံနက် ၉ နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ ကျောက်ခဲတက်ကျေးရွာနေသူများဖြစ်ကြသည် ကိုမောင်စိုး (၁၉)နှစ်၊ ကိုအောင်မျိုးထွန်း(၂၅)နှစ်နှင့် ကိုထွေးမင်းဇော်(၂၅)နှစ်တို့ ၃ ဦးသည် အဆိုပါကျေးရွာ၏ တောင်ဘက် ၁ မိုင်ခန့်အကွာရှိ ယာခင်းအတွင်း တောင်ယာလုပ်ကိုင်နေစဉ် လက်နက်များကိုယ်စီ ကိုင်ဆောင်ထားသည့် PDF အင်အား ၅၀ ဦးခန့်ရောက်ရှိလာပြီး ကိုအောင်မျိုးထွန်းအား ဓားဖြင့် ဝိုင်းဝန်းထိုးခုတ်သ-တ်ဖြ-တ်ကာ ကိုထွေးမင်းဇော်နှင့် ကိုမောင်စိုးတို့ ၂ ဦးအား တောင်ယာလုပ်ငန်းလုပ်ကိုင်ရာတွင် ခိုင်းစေအသုံးပြုသော နွား ၆ ကောင်နှင့်အတူ သင်တောကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
ထိုသို့ PDF ၅၀ ခန့်က ထိုးခုတ်သဖြင့် ကိုအောင်မျိုးထွန်းတွင် ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ ၃ ချက်၊ လည်ပင်းလှီးဖြတ်ဒဏ်ရာ ၁ ချက်၊ ဝဲလက်ခလယ်ကျိုးဒဏ်ရာ ၁ ချက်တို့ရရှိကာ သေဆုံးသွားခဲ့ကြောင်းနှင့် ဖမ်းဆီးခံရသူများ ပြန်လည်လွတ်မြောက်မှု မရှိသေးကြောင်းလည်း သိရသည်။
အဆိုပါဖြစ်စဥ်အပေါ် မင်းကင်းတော်လှန်ရေးအဖွဲ့ PDF အင်အားစုများက ကျောက်ခဲတက်ရွာရှိ ပျုစောထီးစခန်းကို တိုက်ခိုက်ပြီး ပျုစောထီးလေးဦးကို သ-တ်ဖြ-တ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထား၍ ဖမ်းဆီးခံရသူများကို သ-တ်ဖြ-တ်လိုက်ဖွယ်ရှိကြောင်းလည်း သိရသည်။
