MT News

Written by Tha Doe

ဒေါ်လာ ၁၆ သန်းကျော်ဖြင့် ဝယ်ယူထားသော သရုပ်ဆောင်စမိုင်းလ်၏ အမေရိကန်ရှိ နေအိမ်တွင် နိုင်ငံပေါင်းစုံမှ သံဃာ ၁၉၉ ပါး ပင့်ဖိတ်ကာ စက်တင်ဘာ ၁၀ ရက်တွင် အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ခဲ့ကြောင်း သရုပ်ဆောင်စမိုင်းလ်က သူမ၏ Facebook တွင် ဖော်ပြထားသည်။

”ကျွန်မရဲ့ ဆရာတော်ဘုရားတွေ သင်ပေးထားတယ်။ ကိုယ်ရောက်တဲ့နေရာမှာ သာသနာပြန့်ပွားအောင်လုပ်တဲ့။ မြန်မာအပြင် နိုင်ငံတကာက သံဃာပေါင်း ၁၉၉ ပါး စုစည်းညီညွတ်ပြီး ဗုဒ္ဓဘာသာ သာသနာကို အမေရိကန်နိုင်ငံမှာ ပထမဆုံးပင့်ဖိတ် အိမ်တက်အန္တရာယ်ကင်းပရိတ် ရွတ်ဖတ်ပူဇော်ခဲ့ပါတယ်။ ကုသိုလ်များ ထပ်တူရကြပါစေ”ဟု စမိုင်းလ်က ရေးသားထားသည်။

စမိုင်းလ်ဝယ်ယူထားသော အမေရိကန် Hidden Hill, Calif မြိုရှိ စံအိမ်သည် ဒေါ်လာ ၁၆ ဒသမ ၇ သန်းတန်ပြီး မြန်မာကျပ်ငွေ ဘီလျံ ၆၀ ခန့် တန်ကြေးရှိသည်။

Photo-Smile Fb

Leave a Reply

Your email address will not be published. Required fields are marked *

Related News