MT News

Written by Tha Doe

FMI ၏ Memories Group Limited ကုမ္ပဏီအား စင်ကာပူစတော့အိတ်ချိန်းမှ နှုတ်ထွက်ရန်အဆိုပြုပြီးနောက် Memories (2022) Pte Limited အဖြစ်အသစ်ပြန်လည်တည်ထောင်ခဲ့ပြီး မည်သည့်စတော့အိတ်ချိန်းတွင် စာရင်းဝင်မည် မသေချာသေးကြောင်း ကြေညာချက်တစ်ရပ်ကို စက်တင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်ထားသည်။

FMI ကုမ္ပဏီနှင့် ၎င်း၏ လက်အောက်ခံ ကုမ္ပဏီများ စုပေါင်း၍ “ကုမ္ပဏီအုပ်စု” ဒါရိုက်တာအဖွဲ့သည် ကုမ္ပဏီ၏ ရာနှုန်းပြည့်ပိုင် လက်အောက်ခံ ကုမ္ပဏီဖြစ်သည့် Memaries (2022) Pte. Limited (“MM2022”) Memories Group Limited (“MGL”) 300: Singapore Exchange Securities Trading Limited ၏ Caalist စာရင်းမှ ဆန္ဒအလျောက် စာရင်းမှထွက်ခွာရန် အဆိုပြုထားရာ Delisting Proposal အဆိုပြုလွှာထဲတွင် MGL၏ မ,တည်ရင်းနှီးငွေအဖြစ် ထုတ်ဝေထားသော သာမန်အစုရှယ်ယာများ (ဘဏ္ဍာတိုက်ရှယ်ယာများနှင့် MM2022.ကတိုက်ရိုက် သိုမဟုတ် သွယ်ဝိုက်၍ပိုင်ဆိုင်ထားသော အစုရှယ်ယာများမှလွဲ၍ (“MGL၏ ရှယ်ယာများ) အားလုံးကို ဝယ်ယူရန် MM2022 သည် ငွေသား (သို့) MM2022 ၏ သာမန်အစုရှယ်ယာ အသစ်များဖြင့် လဲလှယ်ပေးခြင်းဖြင့် ပေးချေရန် အဆိုပြုထွက်ပေါက်ကမ်းလှမ်းချက် “Exit. Offer”)အား MGL၏ အစုရှယ်ယာရှင်များ၏ အတည်ပြုချက်အပေါ်မူတည်၍ ဆောင်ရွက်သွားမည် ဖြစ်သည်။

Exit Offer အရ Mil, အစုရှယ်ယာရှင်များအနေနှင့် ၎င်းတို့ပိုင် MGL ၏ ရှယ်ယာများအား ရှယ်ယာတစ်စုလျှင် ငွေသား စင်္ကာပူဒေါ်လာ ၀.၀၄ ၇ ဖြင့် ရောင်းချခြင်းဖြင့်လည်းကောင်း သို့မဟုတ် စင်္ကာပူဒေါ်လာ ၀.၀၄၇ တန် MM2022 ၏ သာမန်ရှယ်ယာအသစ်တစ်စု (“MM2022 ၏ ရှယ်ယာအသစ်များ”) အစားထိုးရယူခြင်းဖြင့် “ရှယ်ယာဖြင့် ပေးချေခြင်း” လည်းကောင်း ရွေးချယ်ဆောင်ရွက်ရန်ဖြစ်ပြီး ထုတ်ဝေပေးမည့် MM2022 ၏ ရှယ်ယာအသစ်များသည် မည်သည် စတော့အိပ်ချိန်းတွင် စာရင်းဝင်မည်ကို လက်ရှိအချိန်တွင် လျာထားခြင်း မရှိသေးကြောင်း ဖော်ပြထားသည်။

ကြေညာချက်ထုတ်ပြန်ချိန်တွင် ကုမ္ပဏီသည် MGL ရှယ်ယာစုစုပေါင်း၏ ၈.၄ ရာခိုင်နှုန်းခန့်ကို ကိုယ်စားပြုသည့် MGL ရှယ်ယာ ၄၁,၈၄၇,၄၂၇ ခု ကို တိုက်ရိုက်ပိုင်ဆိုင်ထားသည်။ ကုမ္ပဏီ နှင့် MGL ၏ အချို့ ရှယ်ယာရှင်များ “Undertaking Shareholders” သည် MM2022 သို့ ပြန်လည်ရုပ်သိမ်းခြင်း မပြုနိုင်သော ခံဝန်ချက်များ ပေးထားရာ ယင်းခံဝန်ချက်များ အရ Exit Offer ကို သဘောတူရန်နှင့် ရှယ်ယာ ဖြင့်ပေးချေခြင်းအား လက်ခံရန် (Irrevocable. Undertakings) ခံဝန်ကတိချုပ်ဆိုထားပါသည်။ ဤကဲ့သို ခံဝန်ကတိချုပ်ဆိုထားသည့် MGL ရှယ်ယာရှင်များ အားလုံးစုပေါင်း၍ MGL ရှယ်ယာစုစုပေါင်း၏ ၈၅၂ ရာခိုင်နှုန်းခန့်ကိုကိုယ်စားပြုသည့် MGL ရှယ်ယာ ၄၂၆,၉၂၈,၃၅၃ ခု ကို တိုက်ရိုက်ပိုင်ဆိုင်ထားသည်။

ထို့အပြင် MGL ၏ ငွေချေးစာချုပ်ကိုင်ဆောင်ထားသူများ သည်လည်း ပြန်လည်ရုတ်သိမ်းခြင်း မပြုနိုင်သော ခံဝန်ချက်များအရ ၎င်းတို့၏ ချေးငွေကို MGL ရှယ်ယာများအဖြစ်သို့ ပြောင်းလဲခြင်းမပြုပါဟု ခံဝန်ကတိချုပ်ဆိုထားသည်။

၎င်းအပြင် MGL ၏ အစုရှယ်ယာရှင်များအနေနှင့် ငွေသားဖြင့်ပေးချေခြင်းအား ရွေးချယ်ပါက MM2022 သည် Exit Offer အား ပြီးမြောက်အောင်ဆောင်ရွက်ရန်အတွက် ဘဏ္ဍာရေးအရင်းအမြစ်အလုံအလောက်ရှိရန် တာဝန်ယူထားသည့်အတွက် ကုမ္ပဏီအနေနှင့် MM2022 သို့ အစုရှယ်ယာရှင်ချေးငွေ (“FM Shareholder Loan”) တစ်ရပ် ထုတ်ပေးရန် သဘောတူထားပြီး ၎င်း FMll Shareholder Loan ကို MM2022 ၏ အစုရှယ်ယာ အသစ်များအဖြစ် ပြောင်းလဲသွားမည် (“FMI Capltalisation”) ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *