၁. ၉. ၂၀၂၃
Written By Thandar

အောက်တိုဘာ ၁၃ ရက်မှာ ကျရောက်မယ့် ၁၀၃ နှစ် မြောက် မြန်မာ့ရုပ်ရှင်နေ့နဲ့ ၄၆ ကြိမ်မြောက် ရုပ်ရှင် သက်ကြီးပူဇော်ပွဲအတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ အနုပညာရှင်တွေက အလှူငွေတွေ ပါဝင်လှူဒါန်းလျက် ရှိတယ်လို့ သိရပါတယ်။

“မြန်မာရုပ်ရှင်က ၁၉၂၀ အောက်တိုဘာ ၁၃ ရက်က စတင်ခဲ့တာ အခုဆို ၁၀၃ နှစ်ပြည့်မြောက်ခဲ့ပြီ။ သက် ကြီးပူဇော်ပွဲကတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအနေနဲ့ ၄၆ ကြိမ်မြောက် ကျင်းပမယ့် သက်ကြီးပူဇော်ပွဲဖြစ်ပါတယ်။ အလှူရှင်တွေအနေနဲ့ ဂါရဝပြု ကန်တော့ချင်တယ်ဆိုရင် ပါ၀င်လှူဒါန်းနိုင်ပါတယ်။ သက်ကြီး ကန်တော့ခံပုဂ္ဂိုလ်တွေကို လှူဒါန်းရတာလည်း မွန်မြတ်ပါတယ်။ လက်ရှိ လှူဒါန်းထားတဲ့ သူတွေကို ကျေးဇူးတင်သလို ထပ်မံပါဝင်လှူဒါန်းလိုသူတွေကိုလည်း ဖိတ်ခေါ်ပါတယ်”လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌဦးအေးကြူလေးက ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-09-01_14-16-23-977x1024.jpg

မြန်မာ့ရုပ်ရှင်နေ့နဲ့ ၄၆ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲအတွက် တနသ်ာရီတိုင်း ဗီဒီယိုအခြေခံအဖွဲ့ ဥက္ကဋ္ဌဦးကျော်ထွန်းက ကျပ် သိန်း၂၀၊ အကယ်ဒမီအောင်ခိုင်နဲ့ အကယ်ဒမီဝါဝါအောင်က ကျပ် ၁ သိန်း၊ သရုပ် ဆောင်မိုခမ်းက ကျပ် ၁ သိန်း၊ ဒါရိုက်တာ ကျော်ဟိန်းကျော်က ကျပ်၂ သိန်း၊ ဘိုဘိုရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင် ဘိုဘိုဆန်းက ကျပ် ၅ သိန်း၊ သရုပ်ဆောင် ကျော်ကျော်နန္ဒနဲ့ ကျော်ကျော်အိန္ဒြာတို့က ကျပ် ၁ သိန်း၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ နာယကကြီး အကယ်ဒမီများရှင်စည်သူဒေါ်မြင့်မြင့်ခင်က ကျပ် ၃ သိန်း၊ သရုပ်ဆောင် ကျော်ထက်နဲ့ ရွှေအိမ်မင်းတို့က ကျပ် ၅ သိန်း၊ ဒါရိုက်တာသက်နေထွန်းက ကျပ် ၃ သိန်း၊ သရုပ်ဆောင် ဆုပန်ထွာ က ကျပ် ၃ သိန်း၊ အောင်သီရိရုပ်ရှင်ထုတ်လုပ်ရေးက ကျပ် ၅ သိန်း၊ သရုပ်ဆောင်ဘေဘီမောင်က ကျပ် ၂ သိန်း၊ သရုပ်ဆောင် အေးဝတ်ရည်သောင်းက ကျပ် ၅ သိန်း၊ Mrs. Universe 2019 ဟန်နီ ( Hanni Film Production) က ကျပ် ၃ သိန်း ၊ ဒါရိုက်တာ JZ ဒေါင်လွဏ်းက ကျပ် ၃ သိန်း၊ အကယ်ဒမီ အေးမြတ်သူက ကျပ် ၅ သိန်း၊ ကိုအောင်ကျော်(Ainda Film Production ) နဲ့ သရုပ်ဆောင် မျိုးစန္ဒီကျော်တို့က ကျပ် ၅ သိန်း၊ အကယ်ဒမီ ချောရတနာက ကျပ်၂ သိန်း ပါဝင်လှူဒါန်းထားလျှက်ရှိပါတယ်။

၁၀၃ နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့ နဲ့ ၄၆ ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲအတွက် ပါ၀င်လှူဒါန်းလိုသူတွေ အနေနဲ့ ဗဟန်းမြို့နယ်ရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး (ဗဟို) ဆီ ကိုယ်တိုင်လာရောက်လှူဒါန်းနိုင်သလို ဖုန်း နံပါတ် ၀၉ ၈၈၀၈၉၆၉၅၇ ကနေလည်း ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *