ဓာတ်ပုံ- အင်းစိန်မြို့နယ်မီးသတ်တပ်ဖွဲ့

၃၀. ၈. ၂၀၂၃

Written by Hey Mar

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ ဘုရင့်နောင်လမ်းမပေါ်မှာ ယာဉ်တိုက်မှုဖြစ်ပွားပြီး ယာဥ်မောင်းအမျိုးသားတစ်ဦး ကားအတွင်းညပ်နေ​တာကြောင့် အင်းစိန်မြို့နယ်မီးသတ်စခန်းက ဦးဆောင်ပြီး ပရဟိတအသင်းအဖွဲ့တွေကဝိုင်းဝန်းကာ ခဲရာခဲဆစ် ကယ်ထုတ်ခဲ့ရတယ်လို့ သိရပါတယ်။

ဖြစ်စဥ်ဟာ ဒီနေ့ သြဂုတ် ၃၀ နေ့လည် ၁၂ နာရီ ၁၅ မိနစ်ခန့်က အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ ဘုရင့်နောင်လမ်းမပေါ်ရှိ ဆရာတော်ကြီးကားမှတ်တိုင်အနီးမှာ ဖြစ်ပွားခဲ့ပြီး ကုမ္ပဏီသုံး Box ကားတစ်စီး ဘရိတ်ပေါက်ကာ လမ်းဘေးက သစ်ပင်ကို ဝင်တိုက်ခဲ့တာလို့ သိရပါတယ်။

ကားခေါင်းခန်းမှာ ညပ်နေတဲ့ ယာဥ်မောင်းကို ဆယ့်ငါးမိနစ်အတွင်း အသက်ရှင်လျှက် ကယ်ထုတ်နိုင်ခဲ့ကာ အရန်မီးသတ်တပ်ရင်းရုံး လူနာတင်ယာဥ်နဲ့ အင်းစိန်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ- အင်းစိန်မြို့နယ်မီးသတ်တပ်ဖွဲ့

Leave a Reply

Your email address will not be published. Required fields are marked *

Related News