၃၀. ၈. ၂၀၂၃

Written By Thandar

MRTV-4 ရုပ်သံလိုင်းကတစ်ဆင့် ပရိသတ်အားပေးမှု အခိုင်အမာရရှိလာတဲ့ သရုပ်ဆောင်ခြူးလေးက ပရိသတ်စိတ်ဝင်စားလျှက်ရှိတဲ့ အချစ်ရေးနဲ့ပတ်သက်ပြီး အချစ်ရေးကို မစဥ်းစားတော့တာမဟုတ်ဘဲ ချစ်လို့တော့ရသေးတယ်လို့ ဆိုပါတယ်။

“အမျိုးထဲမှာတော့ ညီမတစ်ယောက် အရှခံရတာ ရှိတယ်။ နာမည်ကြီးထဲက တစ်ယောက်ပါတယ်။ သူနဲ့ တွဲပြီး ပြတ်သွားပြီးချိန်မှာ ခြောက်သွားတာမျိုး အမျိုးရင်းထဲမှာကြုံခဲ့တာရှိတယ်။ ခြူးလေးကတော့ အရှမခံရဖူးဘူး။ ခြူးလေးက ကြည့်တတ်တယ်။ ကိုယ်တိုင်က BL Series အရမ်းကြည့်တဲ့ BL Series Fan ဆိုတော့ ကြည့်တတ်တယ်။ ကိုယ်သဘောကျပြီး ချစ်မိသွားရင်တော့ ရှလည်း ကိစ္စမရှိဘူး။ အရှကိုခံမှာ။ ဆက်တွဲမှာတော့ မဟုတ်ဘူးပေါ့။ ကျေနပ်မှာလို့ထင်တာပဲ။ အရင်တုန်းကတော့ မဟုတ်ဘူး။ BL Series ကြည့်ပြီး သဘောကျပြီး နားလည်သွားတယ်။ အော် ဆိုတော့ စိတ်တော့ထားမိမယ် ထင်တယ်။ ကိုယ်နားလည်ပေးတတ်လို့ မရှတာနေမှာပါ။ လောကကြီးက ဆန်းကြယ်တယ်”လို့ သရုပ်ဆောင်ခြူးလေး ပြောပါတယ်။

This image has an empty alt attribute; its file name is 369704110_268682342783957_2892360992323061103_n.jpg

သူမကတော့ ဟာသဇာတ်ကားတချို့၊ တည်တည်ငြိမ်ငြိမ် ဆရာဝန်မလေး ကာရိုက်တာ ဇာတ်ကား၊ ဝမ်းနည်းစရာကောင်းတဲ့ ကာရိုက်တာအပြင် ဇာတ်လမ်းတွဲလည်း ရိုက်နေလျှက်ရှိတယ်လို့သိရပါတယ်။ ခြူးလေးက လက်ရှိ အနုပညာပိုင်းနဲ့ ပတ်သက်ပြီး သိပ်အားမရသေးသလို ဆက်တိုက်ရိုက်ကူးရေးတွေ လုပ်ပြီး ကြိုးစားသွားမယ်လို့ဆိုပါတယ်။

“လက်ရှိချိန်မှာ တစ်ယောက်ထဲ အေးအေးဆေးဆေးလေးပဲ နေချင်သေးတယ်။ စကားတော့အကုန် ပြောလို့ မရဘူးပေါ့။ လက်ရှိအချိန်မှာ အစစ်တွေအရမ်းရှားသွားပြီလေ။ တခြားသူတွေ အိမ်ထောင်ပြုတာ ကြည့်ပြီးလည်း စိတ်ကုန်သွားတာလည်း ပါတယ်။ ကိုယ့်ဘေးနားက လူတွေ အိမ်ထောင်ကျလားတော့ ခြူးလေး ပိုပင်ပန်းလာတယ်။ ကိုယ့်အိမ်ကအငယ်တွေရဲ့ကလေး တူမလေးနဲ့ တစ်ရက်ထိန်းတာတောင် ပင်ပန်းလာတယ်။ အချစ်ရေးကို မစဥ်းစားတော့ဘူးလို့လည်း မဟုတ်ပါဘူး။ အိမ်ထောင်ကျခြင်း မကျခြင်းတာ ချစ်တာမချစ်တာ မဆိုင်ဘူးလေ။ ချစ်လို့တော့ရပါသေးတယ်”လို့ သူမကဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *