၃၁. ၈. ၂၀၂၃
Translated by Htwe Ko Tun

တောင်အာဖရိကနိုင်ငံ၊ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့တွင် ယနေ့ ဩဂုတ် ၃၁ ရက် နံနက်အစောပိုင်းက မြို့လယ်ရှိ ငါးထပ်တိုက်အဆောက်အအုံတစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၆၃ ဦးသေဆုံးကာ အခြား ၄၃ ဦးမှာလည်း ဒဏ်ရာများရရှိခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့များထံမှ ရှေးဦးရရှိသောသတင်းများက ဆိုသည်။

အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများက ကယ်ဆယ်ရေးလုပ်ငန်းများကိုဆောင်ရွက်နေကြပြီး မီးလောင်မှုတွင် ဒဏ်ရာရရှိသူအများအပြားကို ကုသပေးနေရလျက်ရှိကာ အချို့ကို ကျန်းမာရေးဆေးခန်းများသို့ ပို့ထားရကြောင်းလည်း သိရသည်။

This image has an empty alt attribute; its file name is photo_2023-08-31_14-10-20.jpg

မီးသတ်တပ်ဖွဲ့ဝင်များကလည်း အဆောက်အအုံအားဝိုင်း၍ မီးငြှိမ်းသတ်နေကြကာ မီးတောက်မီးလျှံများ အဆောက်အအုံ၏မြေညီထပ်ကို ဝါးမျိုလောင်ကျွမ်းနေပြီး လူအများအပြားပင် အဆောက်အအုံအတွင်းမှထွက်ပြေးနေသည်ကိုတွေ့ကြရသည်။ အဆောက်အအုံအတွင်း လူများစွာ ကျန်ရှိနေနိုင်သေးကြောင်းလည်းယူဆရသည်။

မီးလောင်ကျွမ်းရခြင်အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား လောလောဆယ်မသိရသေးပေ။ အဆောက်အအုံအတွင်း မီးလောင်ချိန်က လူ ၂၀၀ ခန့်ရှိနေနိုင်ရာသေဆုံးသူ တိုးလာနိုင်သေးကြောင်း သိရသည်။

Ref—–abc

Leave a Reply

Your email address will not be published. Required fields are marked *