၃၀. ၈. ၂၀၂၃
Written by Nyein Kyaw

ယနေ့ နေ့လည် ၂နာရီ ၄၅ မိနစ်ဝန်းကျင်တွင် System Breakdown ဖြစ်သွား၍ ရန်ကုန်တစ်မြို့လုံးနီးပါး လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုဖြစ်ပွားနေကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC)မှ သိရသည်။

“ရန်ကုန်တိုင်းတစ်တိုင်းလုံး ပျက်နေတာရှင့်။ ပြန်ရမယ့်အချိန်ကိုတော့ မသိသေးဘူး။ System Breakdown ဖြစ်တာဆိုတော့ ဘယ်အချိန်ပြန်ရမယ်ဆိုတာ ကျွန်မတို့ပြောလို့မရသေးဘူး။ ရန်ကုန်တစ်မြို့လုံးနီးပါးပဲဖြစ်သွားတာပါ” ဟု YESC မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ System Breakdown ဖြစ်သွား၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သက်ဆိုင်ရာမြို့နယ် YESC ရုံးများက ၎င်းတို၏လူမှုကွန်ရက် Facebook Page များမှတစ်ဆင့် မြို့နယ်များအတွင်း လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများဖြစ်ပွားနေကြောင်း သတင်းထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *