၃၀. ၈. ၂၀၂၃
Written by Nyein Kyaw

စက်တင်ဘာ ၁ ရက်တွင် ကျင်းပမည့် ၅၄ ကြိမ်မြောက် အောင်ဘာလေသိန်းဆု ထီလက်မှတ်များ ရောင်းရငွေ ကျပ် ၅ ဒသမ ၃ ဘီလျံနီးပါး ရရှိထားကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆိုဌာနခွဲမှ ဩဂုတ်လ ၃၀ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်တွင် ကျင်းပမည့် (၅၄) ကြိမ်မြောက် ထီလက်မှတ်များရောင်းရငွေမှာ ကျပ် ၅၂၉၃ ဒသမ ၁၈၈ သန်း (ကျပ် ၅ ဒသမ ၃ ဘီလျံနီးပါး) ဖြစ်သဖြင့် ယင်းပမာ၏ ရာခိုင်နှုန်း ၇၀ ခွဲဝေချီးမြှင့်ပေးမည့် ထီဆုငွေမှာ ကျပ် ၃၇၀၅ ဒသမ ၂၃၁ သန်း (ကျပ် ၃ ဒသမ ၇ ဘီလျံကျော်) ဖြစ်သည်။ အဆိုပါ ရာခိုင်နှုန်း ၇၀ ခွဲဝေချီးမြှင့်မည့် ထီဆုများနှင့် ဘဏ္ဍာသိမ်းရငွေ ကျပ် ၁၃၄ ဒသမ ၈၀၀ သန်းကို ပြန်လည်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

၅၄ ကြိမ်မြောက် အောင်ဘာလေဆုများအနေဖြင့် ကျပ်သိန်းငါးထောင် တစ်ဆု၊ ကျပ်သိန်းနှစ်ထောင် တစ်ဆု၊ ကျပ်သိန်းတစ်ထောင် တစ်ဆု၊ ကျပ်သိန်းငါးရာ သုံးဆု၊ ကျပ်သိန်းနှစ်ရာ ငါးဆု၊ ကျပ်သိန်းတစ်ရာ ရှစ်ဆု၊ ကျပ်သိန်းငါးဆယ် ၁၁ ဆု၊ ကျပ်သိန်းနှစ်ဆယ် ၁၇ ဆု၊ ကျပ်ဆယ်သိန်း ၁၇ ဆုများအပြင် ဝေဝေဆာဆာပဒေသာဆုအနေဖြင့် ကျပ်သုံးသိန်း ၃၀ ဆု၊ ကျပ်နှစ်သိန်း ၃၀၀ ဆု၊ ကျပ်တစ်သိန်း ၉,၀၀၀ ဆု၊ ကျပ်ငါးသောင်း ၁၀,၀၀၀ ဆု၊ ကျပ်တစ်သောင်း ၁၀၀,၀၀၀ ဆု ချီးမြှင့်ပေးသွားမည်ဖြစ်သည်။ ဘဏ္ဍာသိမ်းရငွေ ကျပ် ၁၃၄ ဒသမ ၈၀၀ သန်းမှ ကျပ်ဆယ်သိန်း နှစ်ဆု၊ ကျပ်သုံးသိန်း ၄၀ ဆု၊ ကျပ်နှစ်သိန်း ၁၀၀ ဆု၊ ကျပ်တစ်သိန်း ၁,၀၀၀ ဆု ချီးမြှင့်သွားမည်ဖြစ်သည်။

အထက်ဖော်ပြပါ ဆုမဲအရေအတွက်မှာ ရောင်းရငွေ၏ ရာခိုင်နှုန်း ၇၀ အပေါ်အခြေခံ၍ ခွဲဝေထားခြင်းဖြစ်ပြီး ထီဖွင့်ပွဲတွင် ဝေဝေဆာဆာပဒေသာဆုမဲစနစ်မှ ရောင်းမကုန် ထီလက်မှတ်နံပါတ်များ ထွက်ပေါ်လာပါက အဆိုပါဆုမဲတန်ဖိုးစုစုပေါင်းအား အခြားသင့်လျော်သော ဆုမဲများအဖြစ် ဆုတစ်ဆုချင်းစနစ်နှင့် ဝေဝေဆာဆာပဒေသာဆုမဲများ ပြန်လည်ဖွင့်လှစ်ပေးမည်ဖြစ်သဖြင့် ခွဲဝေထားသော ဆုမဲအရေအတွက် အပြောင်းအလဲရှိနိုင်သော်လည်း ဆုမဲတန်ဖိုးငွေစုစုပေါင်းမှာ ပြောင်းလဲမှုမရှိကြောင်း ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News