၂၈. ၈. ၂၀၂၃

Written by Nyein Kyaw

ဩဂုတ်လ ၃၀ ရက်မှစ၍ တရုတ်နိုင်ငံသို့ လာရောက်သော ခရီးသည်များ ပြည်မဝင်မီ ကိုဗစ်စစ်ဆေးမှု မလိုအပ်တော့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဩဂုတ်လ ၂၈ ရက်(ယနေ့)တွင် ကြေညာထားသည်။

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်မှစ၍ တရုတ်နိုင်ငံသို့ လာရောက်သော ခရီးသည်များသည် ပြည်မဝင်မီ ကိုဗစ်-၁၉ PCR သို့မဟုတ် Antigen Test စစ်ဆေးရန် မလိုအပ်တော့သည့်အပြင် “တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်ဝင်/ပြည်ထွက် ကျန်းမာရေးကတ်” တွင်လည်း မလိုအပ်တော့ကြောင်း အသိပေးကြေညာထားသည်။

This image has an empty alt attribute; its file name is 371546399_169438836173599_7724526614255947053_n.jpg

ယခင်က တရုတ်နိုင်ငံသို့ တိုက်ရိုက်လေကြောင်းခရီးစဉ်ဖြစ်စေ၊ Transit လေကြောင်းလိုင်းဖြစ်စေ တရုတ်နိုင်ငံအတွင်း ဝင်ရောက်သည့် မည့်သည့်ခရီးသည်မဆို ကိုဗစ်-၁၉ ရောဂါကင်းစင်ကြောင်း စစ်ဆေးမှုများ ပြုလုပ်ပြီးမှသာ ဝင်ရောက်ခွင့်ပြုခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ ဥရောပနိုင်ငံနှင့် အခြားနိုင်ငံများသို့ သွားရောက်ရာတွင် တရုတ်လေကြောင်းလိုင်းခရီးစဉ်ဖြင့် သွားရောက်ရသူများသည် တရုတ်နိုင်ငံ လေယာဉ်ကွင်းအတွင်း၌ပင် သတ်ဆိုင်ရာလေကြောင်းလိုင်း ပြောင်းလဲစီးခြင်းကိုပင် “တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်ဝင်/ပြည်ထွက် ကျန်းမာရေးကတ်” များ ဖြည့်သွင်းရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News