၂၈. ၉. ၂၀၂၃

Written By Thandar

Comedy ပုံစံ “လေပတ်ကား” ရုပ်ရှင်ဇာတ်ကား Premier Show ကို ဩဂုတ် ၂၈ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။

“ကျွန်တော့်အနေဲ့ သရုပ်ဆောင်တွေ ကာရိုက်တာ မတူအောင်တော့ သေချာ ပြင်ဆင်ရိုက်ကူးထားပါတယ်။ ကိုဇော်ဝင်းနိုင်တို့ ဆင်မတို့လည်း မတူတဲ့ရှုထောင့်တွေ တက်ဆက်ထားပါတယ်။ ထက်အောင်ရှိုင်းကိုလည်း အစစ်မတွေမုန်းတယ်ဆိုတဲ့ ပုံစံလေးဖန်တီးထားပါတယ်။ ကျွန်တော်ရိုက်တဲ့ ကားတွေ ဆက်တိုက်ဆိုသလို ရုံတင်မှာမို့လို့ လေးကားလုံးကြည့်ပြီးမှ ပရိသတ်တွေ ဝေဖန်ကြပါလို့ ပြောချင်ပါတယ်။ ခုနောက်ပိုင်း ဇာတ်ကားတွေ ပြန်တင်ရတဲ့အပေါ်မှာ ဦးဇော်တို့က ရိုက်ခဲ့တဲ့ သက်တမ်းလည်း ကြာတော့ ဘယ်လိုပုံစံကို ဆင်ဆာဘာငြိနိုင်တယ်ဆိုတာသိလို့ အကုန်‌သတိထား ရိုက်ကူးဖြစ်ပါတယ်”လို့ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)က ပြောပါတယ်။

This image has an empty alt attribute; its file name is IMG_3620-662x1024.jpeg

Bo Bo Film Production က ဇာတ်လမ်းနဲ့ ဇာတ်ညွှန်းကို ဒီဒီထက်အောင်က ရေးသားထားပြီး ဒါရိုက်တာ အကယ်ဒမီ ကိုဇော်(အရုဏ်ဦး)က သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီ မြင့်မြတ် ၊ ထက်အောင်ရှိုင်း ၊ မေမြင့်မိုရ် ၊ ဝေလာရီ ၊ Elena ၊ခင်လှိုင် ၊ ဇော်ဝင်းနိုင် (မန်း)၊ ဆင်မ ၊ ကျင်ဝှက် ၊ ချစ်လူလူ ၊ သွက်လက် ၊ ဘရန်ဒိုလီ ၊ အောင်သီဟ ၊မျိုးမျိုးခိုင် စတဲ့ အနုပညာရှင်များစွာနဲ့ ပါဝင်ရိုက်ကူးထားပါတယ်။

“လေပတ်ကား” ရုပ်ရှင်ဇာတ်ကားကို စက်တင်ဘာ ၁ ရက်နေ့မှာ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့် ရုပ်ရှင်ရုံတွေမှာ တစ်ပြိုင်နက် ရုံတင်ပြသမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *