၂၈. ၈. ၂၀၂၃

Written by Min Mahar

လယ်ကွင်းအတွင်းသို့ ရေသွင်းနေသော ညီအကိုနှစ်ဦး PDF များထောင်ထားသည့် လက်လုပ်မိုင်း ၁ လုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာများရရှိမှု ကန့်ဘလူမြို့နယ်တွင် ယနေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

ဖြစ်စဉ်မှာ ယနေ့(ဩဂုတ် ၂၈ ရက်)မွန်းလွဲ ၁ နာရီခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ညောင်ပင်ဆိပ်ကျေးရွာတွင် နေထိုင်ကြသော အသက် ၅၅ နှစ်အရွယ် အကိုဖြစ်သူနှင့် အသက် ၄၃ နှစ်အရွယ် ညီဖြစ်သူတို့ နှစ်ဦးသည်ကျေးရွာ၏အရှေ့ဘက် ၂ မိုင်ခန့်အကွာရှိ လယ်ကွင်းအတွင်းသို့ ရေသွင်းနေစဉ် လယ်ကန်သင်းရိုးဘောင်ပေါ်မှ PDF အဖွဲ့များထောင်ထားသော လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာများရရှိခဲ့သဖြင့် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် ရွှေဘိုမြို့၊ အမှတ် ၅ ရပ်ကွက်၊ မင်းရပ်ရှိ ရွှေဘိုပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါပေါက်ကွဲမှုကြောင့် ညီဖြစ်သူတွင် ယာဘက်လက်ဖျံ ပေါက်ပြဲဒဏ်ရာ၊ ယာဘက်လက်ဖမိုး မိုင်းစထိမှန်ဒဏ်ရာ၊ ယာဘက်ပေါင် မိုင်းစထိမှန်ဒဏ်ရာ၊ အမျိုးသားအင်္ဂါ မိုင်းစထိမှန်ဒဏ်ရာနှင့် ဦးခေါင်းနောက်စေ့ မိုင်းစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)၊အကိုဖြစ်သူတွင် ယာခါးစောင်း မိုင်းစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)တို့ ရရှိခဲ့သဖြင့် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *