၂၈. ၈. ၂၀၂၃

Written by Min Mahar

မတ္တရာမြို့နယ်၊ ငါးလုံးပြွန်ကျေးရွာအနောက်ဘက် ချောင်းကမ်းဘေးတွင် PDF များဖမ်းဆီးခေါ်ဆောင်သွားကာ သတ်ဖြတ်ထားသည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ အငယ်တန်းစာရေးတစ်ဦး၏ ဓားဒဏ်ရာများဖြင့် သေဆုံးနေသောအလောင်း ယမန်နေ့မနက်ပိုင်းက တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(ဩဂုတ် ၂၇ ရက်)မနက် ၁၁ နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ငါးလုံးပြွန်ကျေးရွာအနောက်ဘက် ချောင်းကမ်းဘေးတွင် PDF များ ဩဂုတ် ၂၆ ရက်နေ့ညပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်ထားသည့် မတ္တရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ အငယ်တန်းစာရေးတစ်ဦး၏ အလောင်းကိုတွေ့ရှိခဲ့သဖြင့် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် မတ္တရာမြို့ပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါအသတ်ခံရသည့် စာရေးသည် မတ္တရာမြို့နယ်၊ အညာကိုင်းကျေးရွာတွင်နေထိုင်သော အသက် ၂၉ နှစ်အရွယ်အမျိုးသားတစ်ဦးဖြစ်ပြီး ဩဂုတ် ၂၆ ရက် ည ၈ နာရီ ၄၅ မိနစ်ခန့်၌ နေအိမ်တွင်ရှိနေစဉ် PDF အဖွဲ့များက လာရောက်ဖမ်းဆီးခေါ်‌ဆောင်သွားခဲ့ပြီး ဖြစ်စဉ်ဖြစ်ပွားရာနေရာ

တွင် လက်နောက်ပြန်ကြိုးတုပ်လျက် ဓားဖြင့် ခုတ်ဖြတ်ထိုးသတ်ထားသည့် ဓားဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ် ကြောင်း အသတ်ခံရသူနှင့်ဆွေမျိုးတော်စပ်သူတစ်ဦးမှ MT News သတင်းဌာနသို့ ပြောပြချက်အရ သိရသည်။

သက်ဆိုင်ရာနယ်မြေရဲစခန်းမှ ၎င်းအား ဖမ်းဆီးခေါ်ဆောင်သွားကာ သတ်ဖြတ်ခဲ့သည့် PDF များကို အမှုဖွင့်အရေးယူဆောင်ရွက်ထားပြီး အမြန်ဆုံးပြန်လည်ဖမ်းဆီးနိုင်ရေးအတွက် လိုက်လံစုံစမ်းနေကြောင်းလည်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *