၂၈. ၈. ၂၀၂၃

Written by Hey Mar

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ဝက်ဝံကျေးရွာအနီး၊ မီးစက်ကြီးရေတံခွန်မှာ ဒီနေ့ ဩဂုတ် ၂၈ ရက် မနက်ပိုင်းက အမျိုးသားတစ်ဦးရေဆင်းကစားရာကနေ ရေနစ်သေဆုံးခဲ့တဲ့ ဖြစ်စဥ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ သန္တိသုခ လူမှု ကူညီရေးအသင်းကနေ သိရပါတယ်။

အဆိုပါ ရေနစ်သေဆုံးသူအမျိုးသားဟာ အသက် ၂၃ နှစ်ဝန်းကျင် အရွယ်ရှိပြီး ဝက်ဝံဒေသခံတစ်ဦးဖြစ်တယ်လို့ အတည်ပြုနိုင်တာကလွဲရင် နေရပ်၊ မိသားစု စုံစမ်းသိရှိရခြင်းမရှိသေးဘူးလို့ သိရပါတယ်။

This image has an empty alt attribute; its file name is 370624023_169330986184384_2456091630013302376_n.jpg

“ကျွန်မတို့အသင်းကို ဖွံ့ဖြိုးဂရုဏာ(ဝက်ဝံ)အသင်းကလာရောက်ပူးပေါင်းပေးဖို့ အကူအညီတောင်းလို့ သွားရောက်ကူညီပေးတာပါ။ ရှာဖွေကယ်ဆယ်ရေး နည်းစနစ်တွေအတိုင်း စနစ်တကျနဲ့ ရှာဖွေကြလို့ နာရီပိုင်းအတွင်း ရုပ်အလောင်းကို ရှာတွေ့ပါတယ်၊ ကျန်တာတွေတော့ မသိရသေးပါဘူး”လို့ သန္တိသုခ လူမှုကူညီရေးအသင်းတာဝန်ရှိသူက ပြောပါတယ်။

အဆိုပါဖြစ်စဥ်ကို ရှာဖွေကူညီကယ်ဆယ်ရာမှာ ခရိုင်မီးသတ်၊ မြို့နယ်မီးသတ်၊ ဖွံ့ဖြိုးကရုဏာ(ဝက်ဝံ)၊ သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်း တို့ကပူးပေါင်း ရှာဖွေကယ်ဆယ်ခဲ့ပြီး ရုပ်အလောင်းကို ပြင်ဦးလွင် ကုတင်(၇၀၀)ဆံ စစ်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *