ဓာတ်ပုံ-အုန်းချောလူမှုကူညီရေးအသင်း

၂၈.၈.၂၀၂၃

Written by Hey Mar

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ မန္တလေး-ပြင်ဦးလွင်ကားလမ်းမှာ ဒီနေ့ သြဂုတ် ၂၈ ရက် နံနက် ၉ နာရီခွဲဝန်းကျင်က အိမ်စီးယာဥ်ငယ်တစ်စီး မောင်းနှင်လာစဥ် မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။

ဖြစ်စဉ်ဟာ ပြင်ဦးလွင်မြို့နယ်၊ မန္တလေး-ပြင်ဦးလွင်ကားလမ်း ၁၆ မိုင်ဂိတ်အထွက် တောင်အတက်လမ်းမှာ Nissan X-trail အမဲရောင်ယာဉ်တစ်စီး မောင်းနှင်လာချိန် ယာဥ်စက်ခန်းကနေ စတင်မီးလောင်ခဲ့တာလို့ စေတနာမွန်လူမှုကူညီရေးအသင်းကနေသိရပါတယ်။

အဆိုပါဖြစ်ကြောင့် ယာဥ်ပေါ်ပါသူတွေ ထိခိုက်ဒဏ်ရာရရှိတာမရှိဘဲ ဖြတ်သန်းမောင်းနှင်သွားကြတဲ့ ယာဉ်တွေက သဲတွေ မြေကြီးတွေနဲ့ ပက်ကာဝိုင်းဝန်းငြှိမ်းသတ်နေချိန် ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့တွေဖြစ်ကြတဲ့ ဗဟိုမီးသတ်သင်တန်းကျောင်း ကယ်ဆယ်ရေးအဖွဲ့ ရတနာပုံနဲ့ အုန်းချော အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ ရောက်ရှိလာကာ ပူးပေါင်းဝိုင်းဝန်း ငြှိမ်းသတ်ပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *