၂၉. ၈. ၂၀၂၃
Written by Nay Aung

နိုင်ငံတကာ သုတေသီအဖွဲ့စည်းတစ်ခုဖြစ်သော Picodi သည် ကမ္ဘာတဝှမ်းရှိနိုင်ငံပေါင်း ၁၀၅ နိုင်ငံရှိ အိမ်ထောင်စုများနှင့်ပတ်သက်ပြီး အစားအစာနှင့်အချိုရည် ဝယ်ယူသုံးစွဲနိုင်မှုအခြေနေများကို စစ်တမ်းထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံက အာရှပစိဖိတ်ဒေသတွင်း နိုင်ငံများထဲတွင် သစ်သီးဝလံ၊ အစားအစာနှင့် အချိုရည်ဝယ်ယူစားသုံးနိုင်မှု အနည်းဆုံး ဖြစ်နေကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ အိမ်ထောင်စုတစ်စုလျှင် သစ်သီးဝလံ၊ အစားအစာနှင့် အချိုရည် ဝယ်ယူသုံးစွဲမှုများအတွက် လစဉ်ပုံမှန် အမေရိကန်ဒေါ်လာ ၄၂ဒေါ်လာ အသုံးပြုပြီး အိမ်ထောင်စုအသုံးစရိတ်၏ ၅၆ ရာခိုင်နှုန်းက အစားအစာနှင့် အရက်မဟုတ်သော အချိုရည်ဝယ်ယူမှုများဖြစ်ကြောင်း အဆိုပါအဖွဲ့က ပြောသည်။

This image has an empty alt attribute; its file name is photo_2023-08-29_10-14-46.jpg

အာရှပစိဖိတ်ဒေသတွင်းနိုင်ငံများအနက် အစားအစာနှင့် အချိုရည် ဝယ်ယူမှုအများဆုံးနိုင်ငံများထဲတွင် ဟောင်ကောင်၊ နယူးဇီလန်နှင့် ဂျပန်တို့က ထိပ်ဆုံးတွင်ရှိနေကြောင်း သိရသည်။

အာရှပစိဖိတ်ဒေသတွင်းရှိ နိုင်ငံပေါင်း ၂၀ ထဲတွင် မြန်မာနိုင်ငံသည် အစားအစာ၊ သစ်သီးဝလံနှင့်အချိုရည်ဝယ်ယူမှုအတွက် တစ်လကို အမေရိကန်ဒေါ်လာ ၄၂ ဒေါ်လာကုန်ကျပြီး ပါကစ္စတန်၊ အိန္ဒိယနိုင်ငံတို့ထက် သုံးစွဲမှု ပိုမိုများနေကြောင်း သိရသည်။ အိန္ဒိယနှင့် ပါကစ္စတန်တို့ရှိအိမ်ထောင်စုတစ်စုသည် အစားအစာနှင့် အချိုရည်ဝယ်ယူမှုများအတွက် တစ်လကို အမေရိကန်ဒေါ်လာ ၃၇ ဒေါ်လာနှင့် ၃၂ ဒေါ်လာ သုံးစွဲနေကြောင်းသိရသည်။

အာဆီယံဒေသတွင်းနိုင်ငံများထဲတွင် စင်ကာပူနိုင်ငံ၏ အိမ်ထောင်စုများသည် အစားအစာနှင့်အချိုရည်ဝယ်ယူ သုံးစွဲမှုအများဆုံးနိုင်ငံများထဲတွင်ပါဝင်နေပြီး စင်ကာပူအိမ်ထောင်စုတစ်စုလျှင် အစားအစာ၊ သစ်သီးဝလံနှင့်အချိုရည်ဝယ်ယူရန် အမေရိကန်ဒေါ်လာ ၁၅၈ ဒေါ်လာ သုံးစွဲကြောင်း သိရသည်။

Ref —Picodi

Leave a Reply

Your email address will not be published. Required fields are marked *