၂၈. ၈. ၂၀၂၃
Written By Thandar

သမီးဆိုး ဇာတ်ကားနဲ့စပြီး ပရိသတ်သတိထားမိလာတဲ့ သရုပ်ဆောင် ဩဂတ်စ်မိုးကတော့ မိုး ကာရိုက်တာအရ ရှိန်းတင်ထူးကို တော်တော်လေးကို ညုရတယ်လို့ ဆိုပါတယ်။

“တစ်ယောက်ချင်းဆီတိုင်းမှာ လောင်ရတာတွေရှိတယ်။ လောင်ဆိုတဲ့ အတိုင်းပဲ ဇာတ်လမ်းချိတ်ဆက်ထားတဲ့ ပုံလေးတွေက အရမ်းကို မိုက်တယ်။ ဇာတ်လမ်းကြည့်ပြီး ခံစားကြည့်မယ်ဆိုရင် အရမ်းခံစားရတဲ့ ဇာတ်လမ်းလေးပါ။ Ro ရတဲ့ အခန်းတွေပါတယ်။ ရှိန်းတင်ထူးနဲ့ ဇာတ်ဝင်ခန်းတွေမှာ သူကရှက်နေတဲ့ ကာရိုက်တာပေါ့။ တကယ်တော့ ကိုယ်လည်းရှက်ပါတယ်။ ကိုယ်ရှက်ပေမယ့် မရှက်ချင်ယောင်ဆောင်ထားတာ။ ဒီကားတစ်ကားလုံးမှာ လောင်တဲ့အရာတွေပါပေမယ့် ညီမတို့နှစ်ယောက်ရဲ့ Ro တဲ့ဆင်းန်တွေပါလို့ ကြည်နူးစရာလေးဖြစ်မယ် ထင်တယ်”လို့ သရုပ်ဆောင် ဩဂတ်စ်မိုးကပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-08-28_14-53-54-682x1024.jpg

သူမကတော့ Miss Universe Dawei 2017 နဲ့ Miss Multination Myanmar 2018 ပြိုင်ပွဲကတစ်ဆင့် အနု ပညာ သရုပ်ဆောင်ပိုင်းကို ရောက်ရှိလာသူလည်း ဖြစ်ပါတယ်။ အဆိုပါ ဇာတ်ကားမှာတော့ ချောရတနာရဲ့ သမီး ဖြစ်သူနေရာက ဩဂတ်စ်မိုးက ပါဝင်သရုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။ လောင် ဇာတ်ကားမှာ သြဂတ်စ်မိုး က ရှိန်းတင်ထူးနဲ့အတူ သမီးရည်းစားဇာတ်ဝင်ခန်းမဟုတ်ဘဲ လင်မယားအခန်းအနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့ရတာလည်း ဖြစ်ပါတယ်။

“သမီးဆိုး ဇာတ်ကား ရိုက်ပြီးချိန်မှာ မဘုံ(ခ) ဒါရိုက်တာ မယ်မင်းဘုံက ညီမအတွက် သီးသန့်လုပ်ခွင့်ပေးလို့လည်း အရမ်းကျေးဇူးတင်ပါတယ်။ ဇာတ်ကောင် မိုးဖြစ်အောင် ညီမအကောင်းဆုံး ကြိုးစားသရုပ်ဆောင်ခဲ့ရတာပါ။ မိုး ကာရိုက်တာအရ ရှိန်းတင်ထူးကို တော်တော်လေးကို ညုရတာပါ။ တကယ်တော့ ညီမက ညုတုတု မလုပ်တတ်ဘူး။ ကိုယ်နဲ့ ရင်းနှီးသူတွေ သိကြတယ်။ ဘယ်လောက်ကြိုးစားထားတယ်ဆိုတာကိုလေ”လို့ သူမကဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *