၂၈. ၈. ၂၀၂၃
Translated by Htwe Ko Tun

ပြင်သစ်နိုင်ငံအတွင်း အစိုးရကျောင်းများတွင် Abayas ဟုခေါ်ကြသော မွတ်ဆလင်အမျိုးသမီးအချို့ ဝတ်ဆင်ကြသည့် ဝတ်ရုံရှည်ကဲ့သို့ အင်္ကျီပွများကို ဝတ်ဆင်ခွင့်ပေးတော့မည်မဟုတ်ကြောင်း ပြင်သစ်အစိုးရ၊ ပညာရေးဝန်ကြီး ကပြောကြားခဲ့သည်။

ပညာရေးဝန်ကြီးက ဆရာ/ဆရာမများ အခန်းတွင်းသို့ဝင်လာစဉ်တွင် တပည့်များ၏အဝတ်အစားများကိုကြည့်ယုံဖြင့် ၎င်းတို့မည်သည့်ဘာသာဝင်ဖြစ်သည်ဟု ခွဲခြားသိနိုင်ခြင်းမှာ မဖြစ်သင့်ကြောင်း ပြောခဲ့သည်။ အဆိုပါ ပိတ်ပင်တားမြစ်မှုက စက်တင်ဘာလ ၄ ရက်မှစတင်၍ အကျိုးသက်ရောက်မှုရှိမည်ဖြစ်ပြီး ပြင်သစ်အစိုးရအနေဖြင့် အစိုးရကျောင်းများနှင့် အစိုးရအဆောက်အအုံများတွင် ဘာသာရေးဆိုင်ရာလက္ခဏာများကို တင်းကျပ်သောပိတ်ပင်မှုများရှိခဲ့သည်။

မွတ်ဆလင်ဘာသာဝင်အမျိုးသမီးတို့ဝတ်ကြသော ခေါင်းစည်းပုဝါကိုဆိုလျှင် အစိုးရကျောင်းများ၌ ၂၀၀၄ ခုနှစ်ကပင် ဝတ်ဆင်ခြင်းမပြုရန် တားမြစ်ခဲ့ခြင်း ဖြစ်သည်။ ၂၀၁၀ တွင် မွတ်ဆလင်အမျိုးသမီးများအား အများပြည်သူသွားလာရာနေရာများ၌ ခေါင်းမြီးခြုံဇာပုဝါ ဝတ်ဆင်ခြင်းကိုလည်းတားမြစ်ခဲ့သည်။ ၎င်းတို့က မွတ်ဆလင် အမျိုးသမီးဦးရေ ငါး သန်းခန့်ရှိသော ပြင်သစ်နိုင်ငံတွင် မကျေနပ်မှုများကြီးမားစွာဖြစ်စေခဲ့သည်။

Abayas များကို ပြင်သစ်နိုင်ငံကျောင်းများ၌ ဝတ်ဆင်ခွင့်ပေးသင့်၊ မပေးသင့်ကိစ္စအပေါ် လပေါင်းများစွာပင် အငြင်းပွားခဲ့ကြသည်။ လက်ယာစွန်းပါတီများက Abayas များကို ကျောင်းများတွင် ဝတ်ဆင်ခွင့်ပေးခြင်းက နိုင်ငံရေးအရ စိတ်ဝမ်းကွဲပြားမှုကို ဦးတည်စေမည်ဟုပြောခဲ့ကြသည်။ ၎င်းပါတီများက မွတ်ဆလင်အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို Abayas ဝတ်ဆင်မှုအားပိတ်ပင်ရန် လှုံ့ဆော်ပြောကြားလာခဲ့ကြခြင်းဖြစ်သည်။

ပြင်သစ်နိုင်ငံတွင် CFCM က မွတ်ဆလင်အသင်းအဖွဲ့များပါဝင်သည့် နိုင်ငံလုံးတင်းကျပ်သောပိတ်ပင်မှုများရှိခဲ့သည်။ Abayas အဝတ်အထည်ပစ္စည်းများကို ဝတ်ဆင်မှုတစ်ခုတည်းနှင့် ဘာသာရေးဆိုင်ရာ လက္ခဏာဟု ပြော၍မရကြောင်းလည်း ပြောခဲ့သည်။

Ref—–bbc

Leave a Reply

Your email address will not be published. Required fields are marked *