April 29, 2024

၁၆. ၈. ၂၀၂၃
Written By Thandar

အချစ်ရေးနဲ့ပတ်သက်ပြီး အမျိုးသား အမျိုးသမီးတွေသာမက အသက်အရွယ်မရွေး စံပြအနေနဲ့ Relationship Coach ရေးသားသူ Mrs.လှနုထွန်း ကိုယ်တိုင် အချစ်ရေးမှာ Play ခံနေရသလားလို့ ပရိသတ်တွေ ထင်မြင်မေးလာကြပါတယ်။

“လှနုရေးထားတဲ့ စာထဲကအတိုင်းမိန်းမလို့ ထင်ကြပေမယ့် တကယ်ကတော့ သာမန် မိန်းမပါပဲ။ စာထဲကတိုင်း လှနုကမဟုတ်ဘူး။ သဝန်တိုတတ်တယ်။မိန်းမထဲကမိန်းမပါပဲ။ ကိုယ်ချစ်တဲ့သူကို သူများက လုယူသွားတဲ့အချိန် ခံစားရတဲ့ ပူလောင်မှုက ဘုရား၊တရားနဲ့လည်း ကယ်လို့ မရဘူး။ ဘာနဲ့မှကယ်လို့မရဘူး။ တဒင်္ဂတော့ပေါက်ကွဲကြတာပါပဲ”လို့ Mrs.လှနုထွန်းက ပရိသတ်တွေကို ဖွင့်ဟလာပါတယ်။

This image has an empty alt attribute; its file name is IMG_3144-683x1024.jpeg

သူမဟာ ၁၉၉၈ ခုနှစ်မှာ ယခင် ခင်ပွန်းဖြိုးပိုင်ဦး နဲ့ သူငယ်ချင်းအနေနဲ့ခင်မင်ရင်းနှီးခဲ့ပြီး ၂၀၀၂ ခုနှစ်မှာချစ်သူတွေဖြစ်သွားသလို ၂၀၀၆ ခုနှစ်က လက်ထပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

လှနုထွန်းက “ပျော်ခဲ့ရတယ် မဟုတ်လားဟင်၊ စိတ်ပူလွန်းလို့ တစ်ညလုံးမအိပ်နိုင်ခဲ့ဘူး လိမ်ခဲ့တာအတွက် စော်ကားခဲ့တာအတွက် ဘယ်တော့မှ မမေ့ပါဘူး၊တို့တွေ ကြိုးစားပြီး ညှိယူခဲ့ကြပါ‌သေးတယ်။ ရေစက်ကုန်ပြီမို့ထင်ပါရဲ့၊ လမ်းခွဲရပြီနော်။ ရှေ့ဆက် လမ်းခရီးမှာအောင်မြင်ပါစေ။ ချစ်သူကောင်း မဟုတ်နိုင်ခဲ့လို့ တောင်းပန်ပါတယ်။အရမ်း အားကိုးချင်လွန်းခဲ့တာပါ။ ရင်အကွဲခံပြီး စွန့်လွှတ်ခဲ့ရတာပါ။ တကယ်ချစ်ရင် မနက်လေးနာရီတော့ ငါ့ဆီလာပြန်ခဲ့ပါ ပြောပေမယ့်နောက် တနေရာတောင် ဆက်သွားလိုက်သေးတယ်။ မနက် လေးနာရီ လေးမိနစ် ဖုန်းပြောတုန်းက ဒီလို‌တွေ ဆက်လုပ်နေရင် page မှာတင်မယ်ဆိုတော့ တင်လိုက်ပါ I am fine Thank you တဲ့၊သူ့ consent နဲ့ တင်တာပါ။ ခြောက်နာရီ မှာ သူ့သူငယ်ချင်းဖုန်းကို ခေါ်တော့မှအိမ်ရောက်လာတယ်၊ လက်မခံတော့ဘူး၊ ပြတ်သားရတော့မယ်လေ”လို့ ဆက်ပြောလာပါတယ်။

တစ်ခါ ၂၀၂၃ခုနှစ် ဧပြီလ ၁၅ ရက်မှာတော့ ပရိသတ်တွေ ရှေ့မှာ ရဲရဲဝင့်ဝင့်နဲ့ လက်တွဲပြီးချစ်သူနှစ်ဦးဖြစ်နေကြပါပြီလို့ လှနုထွန်းသူ့ထက် အသက် ၂၀ ငယ်တဲ့ ဟုမ်းသာစန်းကို ချပြလာခဲ့တာလည်းဖြစ်ပါတယ်။ ဩဂုတ်လ ၁၅ရက်မှာတော့ ညပိုင်းမှာ အုပ်စုလိုက် ငါကို လိမ်ညာခဲ့တယ်လို့ ရင်ဖွင့်လာပြန်ပါတယ်။

“တို့တွေ April 15 မှာ လက်တွဲခဲ့ကြတယ်။ အခု August 15 ညမှာ အုပ်စုလိုက် ငါ့ကိုလိမ်ညာကြတယ်။ လှောင်ပြောင် စော်ကားရက်တယ်။ လေးလလုံးလုံး ကြိုးစားညှိယူခဲ့ကြတွေကို တစ်ညထဲနဲ့ သဲထဲရေသွန် ဖြစ်အောင် လုပ်နိုင်ခဲ့တာ အရမ်းတော်ပါတယ်။ နင်နဲ့ ငါနဲ့ပဲပြောမယ်ဆိုလို့ ကျေနပ်အောင် နင်ငါ နဲ့ နာမ်စားသုံးပေးခဲ့ပါတယ်။ နင်သတိမရပေမယ့်လည်း ငါပြောချင်ပါတယ် Happy 4th monthiversary ပါ အရမ်းချစ်ခဲ့ရသူရယ်!” လို့ သူမကရင်ဖွင့်လာပါတယ်။

This image has an empty alt attribute; its file name is IMG_3148-682x1024.jpeg

Mrs.လှနုထွန်းက ၂၀၁၄ ခုနှစ်မှာ National Director လုပ်ပြီး Beauty Pageant coach လုပ်ခဲ့သလို ၂၀၁၅ ခုနှစ်မှာ ပထမဆုံး မြန်မာနိုင်ငံသားအနေနဲ့ အိမ်ထောင်ရှင်မယ်ပြိုင်ပွဲဝင်တာပဲဖြစ်ပါတယ်။ ဒီနောက်ပိုင်း ၂၀၁၉ ခုနှစ်မှာတော့ Relationship coach အနေနဲ့ မှတ်သားဖွယ်စာတွေ ရေးခဲ့သူလည်းဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလက “ကျားတို့ဖတ်ဖို့” စာအုပ် 1,2 ကိုလည်း ထွက်ရှိထားသူလည်းဖြစ်ပါတယ်။

ခုအခါမှာတော့ လှနုထွန်းအတွက် စိတ်မကောင်းဘူး ဆိုတဲ့ ပရိသတ်တချို့လည်း တမျိုး ၊ ဇာတ်လမ်း ၊ ဇာတ်ညွှန်းဒါရိုက်တာအနေနဲ့ ရေးနေတယ် ဆိုသူတွေကတစ်ဖုံ၊ လှနုထွန်းတော့ ဘဲနဲ့ပြတ်သွားပြီ ဆိုပြီး လှနုထွန်း အသည်းကွဲတာကို လှောင်ပြောင်နေ ကြသူတွေကတစ်နည်း၊ လှနုထွန်းတော့ Play ခံလိုက်ရတယ်လို့ ပြောနေကြသူတွေက တစ်သွယ် ဖြစ်ပါတော့တယ်။

Leave a Reply

Your email address will not be published. Required fields are marked *