April 28, 2024

၁၆. ၈. ၂၀၂၃
Written by Min Mahar

ရွှေဘိုမြို့နယ်တွင် PDF များထောင်ထားသည့် လက်လုပ်မိုင်းမျာပေါက်ကွဲမှု နေရာနှစ်နေရာတွင်ဖြစ်ပွားရာ လင်မယားနှစ်ဦးနှင့် နွားကျောင်းနေသော ၁၄ နှစ်အရွယ်အမျိုးသားငယ်တို့ မိုင်းစများ ထိမှန်ကာ ဒဏ်ရာများရရှိမှု ယနေ့ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့(ဩဂုတ်လ ၁၆ ရက်နေ့) မနက် ၉ နာရီခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ တဂဏန်းကျေးရွာတွင် ဈေးရောင်းအလုပ်ကို လုပ်ကိုင်ပြီးနေထိုင်နေသော အသက် ၆၀ ကျော်ခင်ပွန်းဖြစ်သူနှင့် အသက် ၅၅ နှစ်အရွယ်ဇနီးဖြစ်သူတို့ လင်မယားနှစ်ဦးသည် 125 ဆိုင်ကယ်တစ်စီးဖြင့် ရွေဘိုမြို့သို့ ဈေးဝယ်ရန်အတွက် သွားရောက်စဉ် တဂဏန်းကျေးရွာထိပ်အရောက်တွင်မူ PDF များထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံး ထပေါက်ကွဲခဲ့သောကြောင့် ခင်ပွန်းဖြစ်သူတွင် ယာဘက်ပခုံးကို မိုင်းစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် ဇနီးဖြစ်သူတွင် ဝမ်းဗိုက်ယာဘက်ခြမ်းကို မိုင်းစထိမှန်သွားသောဒဏ်ရာ(မစိုးရိမ်ရ)များ အသီးသီးရရှိခဲ့သဖြင့် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် ရွှေဘိုမြို့၊ အမှတ်(၅) ရပ်ကွက်၊ မင်းရပ်ရှိ ရွှေဘိုမြို့ပြည်သူ့ဆေးရုံကြီးသို့ ပေးဆောင်ကာ ဆေးကုသမှုခံယူနေကြောင်း သိရသည်။

This image has an empty alt attribute; its file name is IMG_3119-768x1024.jpeg

အလားတူပင် ယနေ့မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်က ရွှေဘိုမြို့၊ အမှတ်(၆)ရပ်ကွက်တွင် ကျပန်းအလုပ်ကိုလုပ်ကိုင်နေသော အသက် ၁၄ နှစ်အရွယ် အမျိုးသားငယ်သည် ရွှေဘိုမြို့၊ အမှတ် (၆)ရပ်ကွက်၊ သီရိမင်္ဂလာရပ်(ဒေသအခေါ်)ရှိ လယ်ကွင်းအတွင်း နွားကျောင်းနေစဉ် PDF အဖွဲ့များ ထောင်ထားသော လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် ဝဲဘက်လက်ကောက်ဝတ် မိုင်းစထိမှန်ဒဏ်ရနှင့် ဝဲဘက်ရင်ဘတ်ကိုလည်း မိုင်းစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ) များ ရရှိခဲ့သဖြင့် ရွှေဘိုမြို့ပြည်သူ့ဆေးရုံကြီး၌ပင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *