April 29, 2024

၁၆. ၈. ၂၀၂၃

Written By Thandar 

ကိုယ်ပိုင်သံစဉ် Own Tune ကို ဖန်တီးခဲ့တဲ့ တေးဆို Anoni mus ရဲ့ “ထားလိုက်ပါ” သီချင်းက မြန်မာနိုင်ငံရဲ့ ပထမဆုံး YouTube Trending ဝင်လို့ ကိုယ့်ကိုကိုယ်လည်း ဂုဏ်ယူပါတယ်လို့ MT News ကို ပြောပါတယ်။

“ကျွန်တော့်အနေနဲ့ ထားလိုက်ပါ သီချင်းလေးပေါက်သွားလို့ အရမ်းပျော်ပါတယ်။ ဒီသီချင်းလေးပေါက်သွားလို့ကိုယ့်အတွက် ရှေ့ဆက်လုပ်ရမယ့် အခွင့် အလမ်းတွေလည်း ရှိတယ်။ ခုဆိုရင် ကျွန်တော်ကို Sponsor ပေးမယ့်သူတွေပေါ်လာတယ်။ တခြား Music လုပ်ရတာလည်း လွယ်ကူသွားတာပေါ့။ မြန်မာပြည်မှာ ပထမဦးဆုံး Trending ဝင်သွားလို့ ကိုယ့်ကိုကိုယ်လည်း ဂုဏ်ယူပါတယ်။ ရှေ့ဆက် သီချင်းကောင်းတွေဖန်တီးမယ်။ အနုပညာကို စိတ်ပိုနစ်ပြီးလုပ်သွားပါမယ်။ YouTube Trending ဝင်သွားတော့ အကျိုးအမြတ်လည်း ပြန်ရလာမှာပေါ့။ အရင်ကထက်တော့ အရမ်းအဆင်ပြေသွားပါပြီ”လို့ တေးရေး တေးဆို Anoni Mus က MT News ကိုပြောပါတယ်။

This image has an empty alt attribute; its file name is IMG_3115-1024x1012.jpeg

သူဟာ‌ “ထားလိုက်ပါ” တေးသီချင်းအတွက် ငွေကြေး ကျပ် ၄၅,၀၀၀ နဲ့ အကုန်အကျခံဖန်တီးပြီး Anoni mus ရဲ့ YouTube Popular Song Trending မှာ နံပတ် ၉ နေရာအထိ စံချိန်တင်နိုင်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ တေးသီချင်းက မြန်မာနိုင်ငံရဲ့ ပထမဆုံးအနေနဲ့ YouTube Trending ဝင်တဲ့ သီချင်းအဖြစ် မှတ် တမ်းတင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ “စာအုပ်ကလေး သုံးအုပ်” တေးသီချင်းတစ်ပုဒ်ကိုလည်း တေးရေး တေးဆို မင်းစည်သူနဲ့အတူ သီဆိုထားပြီး လက်ရှိမှာ ထွက်ရှိထားသူလည်းဖြစ်ပါတယ်။

“ကျွန်‌တော်တို့ ဖန်တီးထားတဲ့”စာအုပ်ကလေးသုံးအုပ်”သီချင်းလည်း တော်တော်ကောင်းပါတယ်။ အားပေးကြပါဦးလို့ ပြောချင်ပါတယ်။ဒီသီချင်းအတွက် Music Video ရိုက်ဖို့ စီစဉ်နေပါတယ်။ U G Entertainment ၊ ကျွန်တော်တို့ YouTube တွေမှာ Official Channel တွေက Music Video တင်ပေးပါတယ်။ တချို့ကလည်း ကျွန်တော့်တို့ဆီကCopy ယူပြီးတင်နေကြတဲ့သူတွေလည်း ရှိပါတယ် ဘာပဲပြောပြော ကိုယ့်သီချင်းကို အားလုံးအားပေးကြလို့ကျွန်တော် ဒီလိုနေရာလေး တစ်ခုရောက်လာလို့ ကျေနပ်ပါတယ်”လို့ သူကဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *