၁၆. ၈. ၂၀၂၃
Written by Peya

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် ကားသုံးစီး ဆင့်တိုက်မှု ဖြစ်ပွားရာ ယာဉ်မောင်းတစ်ဦး ကားခေါင်းခန်းတွင် ညပ်နေသည့်အတွက် ကယ်ထုတ်ခဲ့ရကြောင်း သွားရောက်ကူညီဆောင်ရွက်ပေးနေသည့် ပရဟိတအဖွဲ့များထံမှ ကနဦး သိရသည်။

ဖြစ်စဉ်မှာ ဩဂုတ်လ ၁၆ ရက် ညနေပိုင်း ၄ နာရီ မိနစ် ၄၀ အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်းတွင် ကျောင်းကားတစ်စီး အပါအဝင် ယာဉ်သုံးစီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ရခြင်း ဖြစ်သည်။

This image has an empty alt attribute; its file name is IMG_3112-1-1024x746.jpeg

“ယာဉ်မောင်းကို ဆွဲထုတ်နိုင်ခဲ့ပါတယ်။ ဒီလောက်ပဲ ပြောလို့ရပါသေးတယ်” ဟု ကူညီကယ်ဆယ်ရာတွင် ပါဝင်ခဲ့သူ တစ်ဦးက MT News သတင်းဌာနသို့ ကနဦး ဆက်သွယ်မှုတွင် ဖြေကြားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *