၁၆. ၈. ၂၀၂၃

Written by Naing Thuta

RC သုံးထပ်အဆောက်အအုံ၏ ပထမထပ်ရှိ Sunshade ပေါ်သို့ တက်ပြီး သန့်ရှင်းရေးလုပ်နေသူ လေးဦး ဓာတ်လိုက်မှုဖြစ်ကာ လူတစ်ဦးသေဆုံးမှု မန္တလေးတွင် ယနေ့ ဩဂုတ်လ ၁၆ ရက်နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံအခြေစိုက် ပရဟိတအသင်းအဖွဲ့များထံမှ သိရသည်။

This image has an empty alt attribute; its file name is photo_2023-08-16_13-52-03.jpg

ဖြစ်စဉ်မှာ ယနေ့(ဩဂုတ်လ ၁၆ ရက်နေ့) မနက် ၁၀ နာရီ ၂၁ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဈ)ရပ်ကွက်၊ ၆၈ လမ်းနှင့် ၁၃၉ လမ်းထောင့်ရှိ RC သုံးထပ်အဆောက်အအုံတွင် ပထမထပ်ရှိ Sun Shade ပေါ်သို့တက်ပြီး သန့်ရှင်းရေးပြုလုပ်နေသော အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး နှစ်ဦး၊ စုစုပေါင်းလူ လေးဦးတို့သည် ဓာတ်လိုက်ပြီး အောက်သို့ ပြုတ်ကျမှုဖြစ်ပွားခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့သဖြင့် လောကပါလလူမှုကူညီရေးအသင်းမှ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ သေဆုံးသူ အလောင်းနှင့်တကွ ကျန်သုံးဦးကိုပါ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဓါတ်လိုက်မှုဖြစ်ပွားရသည့်နေရာနှင့် အကြောင်းရင်းများကို စစ်ဆေးလျက်ရှိကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *