၁၆. ၈. ၂၀၂၃
Written by Nay Aung

မြန်မာရွှေ့ပြောင်းအလုပ်သမားများကို တင်ဆောင်လာသော ပစ်ကပ်ကားသည် သြဂုတ် ၁၆ရက်၊ နံနက်ပိုင်းက သစ်လုံးများကို တင်ဆောင်လာသော ၁၀ ဘီးကားကို နောက်မှ အရှိန်ဖြင့် ဝင်တိုက်မိသည့်အတွက် မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦး ပွဲချင်းပြီးသေဆုံးကာ ၅ ဦး ဒဏ်ရာရသွားခဲ့ကြောင်း Muang Kanchanaburiရဲစခန်းမှ ရဲမှူးကြီး Thammawat Sukhiwat က ထုတ်ဖော်ပြောဆိုလိုက်သည်။

အဆိုပါယာဉ်တိုက်မှုသည် Kanchanaburi ပြည်နယ်သယ်ယူပို့ဆောင်ရေးရုံးရှေ့ရှိ အမှတ် ၃၂၃ လမ်းမကြီးပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကားနံပတ် ၁၅၈၂ တပ်ဆင်ထားသည့် ပစ်ကပ်ကားရှေ့ခြမ်းက ဆိုးရွားစွာပျက်စီးခဲ့ကာ လူများ ကားထဲတွင် ပိတ်မိနေခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။ ရဲတပ်ဖွဲ့သည် Toyota Cab အမျိုးအစားပစ်ကပ်ကားထဲတွင် ပိတ်မိနေသူများကို ဦးစားပေး ကယ်ထုတ်နိုင်ရန်အတွက် ကားကို စက်များဖြင့် ဖြတ်တောက်ရခြင်းများရှိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။ ဒဏ်ရာရ သူများနှင့် သေဆုံးသူများကို Phahon Hospital ဆေးရုံသို့ အမြန်ပို့ဆောင်ခဲ့ပြီး ကားတိုက်မှုဖြစ်ပွား ရသော အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။

This image has an empty alt attribute; its file name is photo_2023-08-16_16-19-03.jpg

ကနဦးစုံစမ်းစစ်ဆေးမှုများအရ အဆိုပါပစ်ကပ်ကားပေါ်တွင် လိုက်ပါလာသူများသည် ဆာမတ်ဆာခွန် ပြည်နယ်တွင် အလုပ်လုပ်နေသူများဖြစ်ကြောင်း၊ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ ဒဏ်ရာရမှုသည် ပြင်းထန်ကြောင်း၊ ထိုင်းရဲတပ်ဖွဲ့ကပြောသည်။ အချိန် နှစ်မိနစ်ကျော်ရှိ CCTV ရုပ်သံမှတ်တမ်းထဲတွင် ၁၀ ဘီးကားသည် Kaeng Sian ဒေသသို့ လမ်းဘယ်ခြမ်းမှမောင်းနှင်လာခဲ့ကြောင်း၊ ပစ်ကပ်ကားသည် မြန်နှုန်းမြှင့်ပြီး အရှိန်မြှင့်မောင်းနှင်လာချိန်တွင် ၁၀ ဘီးကားအနောက်ပိုင်းကို ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

သေဆုံးခဲ့သူသည် ပစ်ကပ်ကားရှေ့ခန်း ဘယ်ခြမ်းတွင် ထိုင်နေသည့် မြန်မာအမျိုးသမီးတစ်ဦးဖြစ်ပြီး ၎င်း၏လက်နှစ်ဖက်စလုံးဖြင့် အသက်ခြောက်နှစ်အရွယ် ကလေးငယ်တစ်ဦးကို ပွေ့ဖက်ထားကြောင်း၊ ကလေးငယ်သည် ကားတိုက်မိမှုဖြစ်ပွားချိန်တွင် သတိလစ်သွားခဲ့ပြီး ဆေးရုံကိုတင်ပို့ထားရကြောင်း ထိုင်းလူမူကယ်ဆယ်ရေးအဖွဲ့ဖြစ်သော Pitak Foundation ဖောင်ဒေးရှင်းက ပြောသည်။

Ref- — MGR online

Leave a Reply

Your email address will not be published. Required fields are marked *

Related News