၁၆. ၈. ၂၀၂၃
Written by Pan Ei

ကမ္ဘာကျော်ဘီလျံနာ အီလွန်မက်စ်ပိုင်တဲ့ကားကုမ္ပဏီ Tesla ကနေ ကတ္တူနဲ့လုပ်ထားတဲ့ကြောင်အိပ်ရာကို တရုတ်နိုင်ငံမှာ ထုတ်လုပ်ရောင်းချနေတယ်လို့ သိရပါတယ်။

“Cybertruck Multifunctional Corrugated Cat Litter” လို့ အမည်ပေးထားတဲ့ အဲ့ဒီကြောင်အိပ်ရာတွေဟာ Tesla ကနေထုတ်တော့မယ့် Cybertruck ယာဉ်နဲ့ဆင်တူတဲ့ ထောင့်ချိုးဒီဇိုင်းပုံစံနဲ့ တီထွင်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

This image has an empty alt attribute; its file name is photo_2023-08-16_15-40-55-1024x1024.jpg

အဲ့ဒီကြောင်အိပ်ရာဟာ အစိုဒဏ်ခံနိုင်တဲ့ကတ်ထူပြားနဲ့ ပြုလုပ်ထားတာဖြစ်ပြီး အလေးချိန် ၇ ဒသမ ၅ ကီလို ဂရမ်အထိ ခံနိုင်ရည်ရှိတာကြောင့် အိမ်မွေးကြောင်အများစုအတွက် ခိုင်ခံ့တဲ့ရွေးချယ်မှုဖြစ်စေမှာဖြစ်ပြီး တရုတ်နိုင်ငံမှာ ရောင်းချနေခြင်းဖြစ်ကာ အဲ့ဒီထုတ်ကုန်ဟာ အမေရိကန်ဒေါ်လာ ၁၂ ဒေါ်လာ (မြန်မာငွေနဲ့ဆိုရင်တော့ ကျပ် ၄၀,၀၀၀ ဝန်းကျင်) ရှိပါတယ်။

Tesla ဟာထူးခြားဆန်းကြယ်တဲ့ ထုတ်ကုန်တွေကို ထုတ်လုပ်တာဟာဆိုရင် ဒါက ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ အရင်ကလည်း ”Tesla Tequila” လိုမျိုး ပရီမီယံအရက်တွေ ထုတ်လုပ်ခဲ့ဖူးပြီး တစ်ပုလင်းကို အမေရိကန်ဒေါ်လာ ၄၂၀ နဲ့ ရောင်းချခဲ့ဖူးပါတယ်။

Ref; NDTV

Leave a Reply

Your email address will not be published. Required fields are marked *

Related News