၁၆. ၈. ၂၀၂၃
Written by Thuta Zaw

ပကဖ အဖွဲ့ဝင်တစ်ဦး အလင်းဝင်သွားသည့်အတွက် ပခုက္ကူနှင့် မြိုင်မြို့နယ် အခြေစိုက်စခန်းများကို အမြန်ပြောင်းရွှေ့ ကြရန် မြိုင် ပကဖ က ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။

ဩဂုတ်လ ၁၅ ရက်တွင် မြိုင်မြို့နယ် အခြေစိုက် ပကဖ အဖွဲ့ထံတွင် နှစ်နှစ်ကျော်ကြာရှိနေခဲ့သူ လူငယ် အလင်းဝင်သွားခဲ့သည့်အတွက် အထက်ပါအတိုင်း သတိပေးထားခြင်းဖြစ်ကြောင်းလည်း သိရသည်။

အလင်းဝင်ရာတွင် M-16 သေနတ်တစ်လက်ကိုလည်း ယူသွားခဲ့ခြင်းဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

“၎င်းသည် ပခုက္ကူမြို့နယ်အခြေစိုက် တော်လှန်ရေးစခန်းများ မြိုင်မြို့နယ်အခြေစိုက် တော်လှန်ရေးစခန်းများ ပ.အ.ဖ / ပ.က.ဖ / ပ.လ.ဖ ကျန်းမာရေးတာဝန်ခံ နေထိုင်သည့်နေရာအသီးသီးထံသို့ အကြိမ်ကြိမ်ရောက်ရှိဖူး၍ စခန်းနေရာများအား သေချာရေရာစွာ သိရှိပါသည်။ တော်လှန်ရေးအင်အားစုများအနေဖြင့် ဘေးအန္တရာယ် မဖြစ်ပေါ်စေရေး စခန်းနေရာများ အမြန်ရွှေ့ပြောင်းပေးကြပါရန် တော်လှန်ရေးရဲဘော်အသီးသီးထံသို့ သတိပေး ” သတင်းထုတ်” ပြန်လိုက်ပါသည်” ဟု ရေးသားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *