April 28, 2024

၁၅.၈.၂၀၂၃
Written by Naing Thuta

ချောင်းသာမြို့ရှိ Golden Beach ဟိုတယ်တွင် ဟိုတယ်မီးဖိုဆောင်(Kitchen Room)အတွင်း ဝါယာရှော့ဖြစ်ရာမှ မီးလောင်ကျွမ်းမှု ယနေ့ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ချောင်းသာမြို့၊ အမှတ်(၃)ရပ်ကွက်၊ ပုသိမ်-ချောင်းသာကားလမ်းဘေးရှိ Golden Beach ဟိုတယ်တွင် ယနေ့ (ဩဂုတ်လ ၁၅ ရက်နေ့)ညနေ ၄ နာရီ ၅၀ မိနစ်ခန့်က ဟိုတယ်မီးဖိုဆောင် (Kitchen Room) အတွင်း ဝါယာရှော့ဖြစ်ရာမှ မီးစတင်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်ကျွမ်းရာသို့ ချောင်းသာနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံလူမှုကူညီရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများမှ မီးဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ၅ နာရီ ၅ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ၅ နာရီ ၂၁ မိနစ်တွင် မီးလုံးဝငြိမ်းသတ်သွားကြောင်း သိရသည်။

ယင်းမီးလောင်ကျွမ်းမှုကြောင့် လူထိခိုက်သေဆုံးမှု တစ်စုံတစ်ရာမရှိကြောင်းနှင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးများကို သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့မှ တွက်ချက်နေသောကြောင့် မသိရသေးကြောင်း ကနဦး သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *