April 27, 2024

၁၅.၈.၂၀၂၃
Written by Min Mahar

ဘုန်းကြီးကျောင်းဝင်းအတွင်း၌ တရားထိုင်နေသော အမျိုးသားတစ်ဦး လုယက်ခံရတဲ့အပြင် အုတ်ခဲနှင့် ပါထုသ-တ်ခံရမှု မြဝတီမြို့တွင် ယနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်း အဖွဲ့များထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့(သြဂုတ် ၁၅ ရက်နေ့)မနက်ပိုင်းက ကရင်ပြည်နယ်၊ မြဝတီမြို့၊ မိချောင်းကုန်း ဘုရားကျောင်းဝင်းထဲရှိ စေတီရှေ့တွင် အသက် ၄၀ နှစ် ဝန်းကျင်ရှိသော အမျိုးသားတစ်ဦးသည် တရားထိုင်နေစဥ်အတွင်း လုယက်သူတစ်ဦးရောက်လာပြီး အုတ်ခဲဖြင့်ထုကာ ပစ္စည်းများကို လုယက်သွား ကြောင်း လုယက်စဉ်အတွင်း တွေ့မြင်ခဲ့သူတစ်ဦးက MT News သတင်းဌာနသို့ ပြောပြချက်အရ သိရသည်။

အဆိုပါ လုယက်သွားသူသည် မည်သူမည်ဝါဖြစ်ပြီး မည်သည့်ပစ္စည်းများပါသွားသည်ကို မသိရသေး ကြောင်းနှင့် ပစ္စည်းအလုခံရသော အမျိုးသားသည် အုတ်ခဲဖြင့် အထုခံရသည့် ဒဏ်ရာများ ရရှိခဲ့သောကြောင့် ဒေသခံလူမှုကူညီရေးအသင်းမှ မြဝတီခရိုင်ဆေးရုံကို ပို့ဆောင်ပေးခဲ့သော်လည်း ဆေးရုံရောက်ပြီး မကြာခင်၌ပင် သေဆုံးသွားခဲ့ကြောင်း ကူညီဆောင်ရွက်ပေးခဲ့သော ပရဟိတ အဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *