၁၅. ၈. ၂၀၂၃
Written by Nay Moe

၁။

NUG ဩဇာခံဖြစ်တဲ့ မြင်းခြံခရိုင် တပ်ရင်း (၅) PDF တွေဖြစ်တဲ့ MG6 ပြောက်ကျားတပ်ရဲ့ လူသတ်လုယက်မှု ၁၀၀ ကျော်၊ ချောင်းဦးပကဖလေးဦးက အမျိုးသမီးနဲ့ ကလေးငယ် ၇ ဦးကို မုဒိမ်းလူသ-တ်မှုကျုးလွန်ခဲ့တာ၊ ဆော PDF ၈ ယောက်က အသက် ၂၂ နှစ်အရွယ် အမျိုးသမီးငယ်ကို အကြိမ်ကြိမ်အုပ်စုဖွဲ့ မုဒိမ်းကျင့်တာ၊ မုံရွာမှာ မွေးဖွားလုနီး ကိုယ်ဝန်ဆောင်သည် မအေးငြိမ်းသူကို ဓားပြတိုက်ရင်း သ-တ်-ဖြ-တ်လိုက်တဲ့ Monywa Force PDF အဖွဲ့တွေရဲ့ လုပ်ရပ်အပြီးမှာ ကာမနှောင့်ယှက်မှုတွေနဲ့ လူသ-တ်မှု ၂၀ ကျော် ကျုးလွန်ထားတဲ့ ယော PDF အဖွဲ့ကလည်း နာမည်ပျက်နဲ့ ထွက်ပေါ်လာပြန်ပါတယ်။

PDF တွေရဲ့ လက်နက်အားကိုးနဲ့ မုဒိမ်းလူသ-တ်မှုတွေ စည်းလွတ်ဘောင်လွတ်လုပ်နေတာတွေ ဆက်တိုက်ထွက်ပေါ်လာနေချိန်မှာ သူ့ထက်သူ မသူတော် PDF တစ်ဖွဲ့ကလည်း ကာမနှောင့်ယှက် လူသ-တ်မှု ၂၀ ကျော်ကျုးလွန်ထားမှုနဲ့ ဖမ်းဆီးခံရတာဖြစ်ပြီး အဲဒီ PDF တွေက မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ကန်ရွာနယ်နိမိတ်အတွင်း အခြေစိုက်ဖွဲ့စည်းထားတဲ့ ဦးရခိုင် (ဧကရာဇ်မုန်တိုင်း)ဦးဆောင်တဲ့ PDF လက်နက်ကိုင်အဖွဲ့ပါ။ ဧကရာဇ်မုန်တိုင်း PDF အဖွဲ့ရဲ့ လူသ-တ်မှု ၂၀ ကျော် ကျုးလွန်မှုတွေကြောင့် ဖမ်းဆီးဖို့ကြိုးပမ်းချိန်မှာ ခေါင်းဆောင်နှစ်ယောက်ကထွက်ပြေးပြီး ကျန်တဲ့ငယ်သားတွေကို စစ်ဆေးချက်အရ သိရတာပါလို့ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့တာပါ။

ဦးရခိုင်ဆိုတဲ့ ဧကရာဇ်မုန်တိုင်းအဖွဲ့ဟာ PDF လား။ LPDF လား။ ဂန့်ဂေါမြို့နယ် ပကဖနဲ့ ဘယ်လိုပတ်သက်ပြီး ဧကရာဇ်မုန်တိုင်း PDF အဖွဲ့က ဘယ်လိုဖွဲ့စည်းလှုပ်ရှားခဲ့ပါသလဲ။

၂။

ဧကရာဇ်မုန်တိုင်းဦးဆောင်တဲ့ PDF အဖွဲ့ဟာ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (YDF) ရဲ့ တပ်ရင်း (၄) Phoenix Defense Battalion (PDB) အမည်နဲ့ လှုပ်ရှားတဲ့ PDF အဖွဲ့ပါ။ တပ်ရင်းမှူးကတော့ ဧကရာဇ်မုန်တိုင်းအမည်နဲ့ လှုပ်ရှားတဲ့ ဦးရခိုင်ဆိုသူဖြစ်ပြီး အဲဒီအဖွဲ့က ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဩဂုတ် ၁၂ ရက်မှာ ဂန့်ဂေါ၊ ကန်နယ်မြေရဲစခန်းက ရဲတပ်သား ဇော်နိုင်ဦးကို အရက်ဆိုင်ထဲ လုံးထွေးဖမ်းဆီးခဲ့တယ်လို့ ခေတ်သစ်အပါအဝင် Exile Media တွေကို သတင်းပေးပို့ခဲ့တဲ့ အဖွဲ့ပါ။ သူတို့ဖမ်းဆီးထားတဲ့ ရဲတပ်သားဇော်နိုင်ဦးကိုတော့ ဖမ်းဆီးပြီးနောက်မှာ ယောကာကွယ်ရေးတပ် (YDF) ဗဟိုဌာနချုပ်ထံ ပို့ဆောင်ထားတယ်လို့ ထုတ်ပြန်ဖူးပါတယ်။

အဲဒီ YDF တပ်ရင်း (၄) PDF အဖွဲ့ဟာ ဧပြီ ၁၈ ရက်မှာ သူတို့အဖွဲ့ထဲက PDF တစ်ယောက်ကို ပြန်ဖမ်းပြီး လွှတ်မပေးတာကြောင့် ဇနီးဖြစ်သူက သူ့ယောက်ျား PDF ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ထံ အကူအညီ တောင်းခံခဲ့ပါတယ်။ ဒါကြောင့် ဧပြီ ၂၀ မှာ ဂန့်ဂေါပကဖ ဦးဆောင်ပြီး ဦးရခိုင် လက်နက်ကိုင်အဖွဲ့တည်ရှိရာနေရာကို ညှိနှိုင်းဖို့ သွားခဲ့ကြပါတယ်။ အဲဒီမှာ YDF တပ်ရင်း (၄) ရဲ့ PDF တစ်ယောက်က စ ပစ်တာကြောင့် ဂန့်ဂေါပကဖဟာ မိုးပေါ် သေနတ်ထောင်ဖောက်၊ ညှိနှိုင်းဖို့လာတာပြော၊ ပူးပေါင်းဆောင်ရွက်ဖို့ကမ်းလှမ်းချိန်မှာ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (YDF) တပ်ရင်း (၄) Phoenix Defense Battalion (PDB) ရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ ဦးရခိုင်နဲ့ ဖြိုးဝေကျော်တို့ဟာ ပူးပေါင်းဆောင်ရွက်မှုမရှိဘဲ ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ ဂန့်ဂေါပကဖက ဆိုပါတယ်။

ဒါ့အပြင် PDB အဖွဲ့ဝင်တစ်ဦးက လက်ပစ်ဗုံးကို ဖောက်ခွဲဖို့ကြိုးစားခဲ့လို့ ပကဖအဖွဲ့ဝင်တွေက အချိန်မီတားဆီးနိုင်ခဲ့ပြီး မလိုလားအပ်တဲ့ပြဿနာတွေ မဖြစ်ပွားစေဖို့ PDB အဖွဲ့ဝင်တွေကို ထိန်းသိမ်း၊ လိုအပ်တဲ့ စစ်ဆေးမေးမြန်းမှု ပြုလုပ်ပြီးတာနဲ့ အားလုံးကို ပြန်လွှတ်ပေးခဲ့သလို အဲဒီဖြစ်စဉ်မှာ ဂန့်ဂေါပကဖဟာ ပြစ်မှုများစွာ ကျူးလွန်ထားတဲ့ PDB လက်နက်ကိုင်အဖွဲ့ကို ပစ်ခတ်စီးနင်းခဲ့တာမရှိတဲ့အတွက် PDB အဖွဲ့ဝင်တစ်ဦးတစ်ယောက်မှ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ မရှိတဲ့အပြင် ချုပ်နှောင်ထားတာလည်း မရှိခဲ့ဘူးလို့ ဂန့်ဂေါပကဖက ပြောခဲ့ပါတယ်။

၃။

ကာမနှောင့်ယှက် လူသ-တ်မှု ၂၀ ကျော် ကျုးလွန်ထားတဲ့ NUG ဩဇာခံ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (YDF) ရဲ့ တပ်ရင်း (၄) Phoenix Defense Battalion (PDB) အဖွဲ့ ကျုးလွန်ခဲ့တဲ့ ပြစ်မှုတွေကို ပြန်ကြည့်မယ်ဆိုရင် အဲဒီ PDF အဖွဲ့ဟာ ကျွန်းခုံသာရွာက မွေးရာပါ ဆွံအ၊ နားမကြား လူငယ်တစ်ဦးကို ဆိုင်ကယ်လုယက်တယ်လို့ စွပ်စွဲဖမ်းဆီးပြီး ငွေငါးသိန်းနဲ့ ပြန်ရွေးခိုင်းခဲ့ပါတယ်။ နောက်ရက်မှာ မိခင်ဖြစ်သူက ငွေငါးသိန်းနဲ့ သွားရောက်ရွေးယူရာ သူတို့ထံမှာ မရှိကြောင်းပြောခဲ့ပြီး နောင်အချိန်ကျမှ ရခိုင်တို့အဖွဲ သ-တ်-ဖြ-တ်လိုက်ပြီလို့ PDB အဖွဲ့ဝင်ဟောင်းပြောလို့ မိသားစုက သိရှိခဲ့ရတယ်လို့ ဂန့်ဂေါပကဖက ပြောပါတယ်။

ဒါ့အပြင် ရခိုင်(ခ)ဧကရာဇ်မုန်တိုင်း ဦးဆောင်တဲ့လက်နက်ကိုင်အဖွဲ့ဟာ ရေဦးမြို့နယ်ကနေ တမူးဘက် ကားမောင်းလာသူတစ်ဦးကိုလည်း ယာဉ်မောင်းလိုင်စင်မပါဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးပြီး ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့ တန်ဆောင်တိုင်ညမှာ ရေရှင်မကျေးရွာအနီး သ-တ်-ဖြတ်ခဲ့တယ်လို့လည်း PDB အဖွဲ့ဝင်ဟောင်းတစ်ဦးက ထွက်ဆိုခဲ့ပါတယ်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၀ မှာတော့ ရခိုင်ဦးဆောင်တဲ့ PDF တွေဟာ ကန်ကျေးရွာက ကိုသန်းဇော်မင်းကို ခိုင်လုံတဲ့ သက်သေအထောက်အထားမရှိဘဲ ဒလန်လို့စွပ်စွဲပြီး ပစ်ခတ်ဖမ်းဆီးခဲ့တာမှာ ကိုသန်းဇော်မင်းနဲ့ အပြစ်မဲ့ပြည်သူ ကိုကျော်နိုင်စိုးတို့ နှစ်ဦးကျည်ထိမှန်‌‌ သေဆုံးခဲ့ပြီး ကိုကျော်နိုင်စိုး အလောင်းကိုလည်း မိသားစုထံ ပြန်ပေးအပ်တာမရှိခဲ့ပါဘူး။ ဒါ့အပြင်လည်း ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၆ ရက်မှာပဲ ကန်ရွာက ကိုရန်နိုင်စိုး (၃၂-နှစ်) ကို ရေရှင်မကျေးရွာ အနောက်တောင်ဘက် မြစ်သာမြစ်ဘေး သ-တ်-ဖြ-တ်ခဲ့ပါသေးတယ်။

ဧကရာဇ်မုန်တိုင်း(ခ) ရခိုင်ဦးဆောင်တဲ့ လက်နက်ကိုင်အဖွဲ့ဟာ လက်အောက်ငယ်သားအပေါ် ဖိနှိပ်ဆက်ဆံတာ၊ ညှင်းပန်းနှိပ်စက်တာအပြင် ခေါင်းဆောင်တွေရဲ့ အမိန့်ပေးစေခိုင်းမှုနဲ့ သူတို့ရဲ့ PDB အဖွဲ့ဝင်တစ်ဦးကိုလည်း ပြန် ပစ်-ခတ်-သ-တ်-ဖြတ်ခဲ့တဲ့ ဖြစ်စဉ်လည်းရှိခဲ့တယ်လို့ အဖွဲ့ဝင်တစ်ဦးက ထွက်ဆိုခဲ့ပါသေးတယ်။

အဲဒီ ဖြစ်စဉ်တွေအပြင် ရခိုင်(ခ)ဧကရာဇ်မုန်တိုင်းနဲ့ ဖြိုးဝေကျော်တို့ အမိန့်ပေးစေခိုင်းမှုနဲ့ ကျူးလွန် သ-တ်-ဖြတ်ခဲ့တဲ့ လူ-သ-တ်မှုပေါင်း (၂၀) ကျော်နဲ့ပတ်သက်ပြီး ခိုင်လုံတဲ့သက်သေအထောက်အထားတွေ စနစ်တကျမှတ်တမ်းထားရှိပြီး သက်ဆိုင်တဲ့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနကို တင်ပြထားပြီးဖြစ်တယ်လို့ ဂန့်ဂေါပကဖက ကြေညာပါတယ်။

၄။

ရခိုင်ဦးဆောင်တဲ့ YDF တပ်ရင်း (၄) PDF အဖွဲ့ဟာ ပြည်သူ ၂၀ ကျော်ကို လက်နက်ကိုင်သ-တ်-ဖြ-တ်တဲ့အပြင် ကန်ရွာက အဖွဲ့အစည်းတွေထံကလည်း ငွေကြေးတောင်းခံခဲ့ပြီး ကန်ရွာပရဟိတအဖွဲ့ထံက ငွေကျပ်သိန်း(၅၀)၊ ကန်ရွာမူလွန်ကျောင်းက ရန်ပုံငွေကျပ်သိန်း (၃၀) အပြင် ကန်ရွာလျှပ်စစ်မီးကော်မတီထံ ငွေကြေးတောင်းခံတာမရရှိခဲ့လို့ ကန်ရွာအလယ် Transformer အနီးမှာ တစ်ကြိမ်မိုင်းခွဲ၊ ငွေကြေးထိန်းသိမ်းသူရဲ့ အိမ်အနီးမှာ တစ်ကြိမ်မိုင်းခွဲပြီး ခြိမ်းခြောက်တောင်းဆိုလို့ ကန်ရွာလျှပ်စစ်မီးကော်မတီက ရခိုင်(ခ)ဧကရာဇ်မုန်တိုင်းထံ ငွေကျပ်သိန်း(၂၀၀) အား ပေးအပ်ခဲ့ရတယ်လို့ ကန်ရွာမီးလင်းရေး ကော်မတီဝင်တစ်ဦးက ထွက်ဆိုခဲ့ပါသေးတယ်။

ဒါ့အပြင်လည်း ဧကရာဇ်မုန်တိုင်းတို့ PDF အဖွဲ့ဟာ ၂၀၂၃ ခုနှစ် မတ်လ ၂၀ မှာ ကန်သာရွာနေ Grade-10 တက်နေတဲ့ ကျောင်းသူတစ်ဦးကို ပုဂ္ဂိုလ်ရေးမကျေနပ်မှုနဲ့ဖမ်းဆီးပြီး ညာခြေ၊ ညာလက်လက်ထိပ်တွဲခတ်ကာ ချုပ်နှောင်ထားခဲ့ပါတယ်။ ဖြိုးဝေကျော်ဟာ ဖမ်းထားတဲ့ ကျောင်းသူကို ကာယိန္ဒြေပျက်ပြားစေမဲ့ ညစ်ညမ်းစွာ ဆဲဆိုခြိမ်းခြောက်မှုပြုလုပ်ခဲ့တဲ့အပြင် မြို့နယ် ပအဖ၊ ရပ်ကျေးပအဖ၊ ပကဖတွေနဲ့ မိဘဆွေမျိုးတွေ သွားရောက်တောင်းပန်တဲ့အခါမှာလည်း အဲဒီကျောင်းသူကို နှစ်မိုင်ခန့် လမ်းလျှောက်ဟစ်အော် တောင်းပန်ဖို့စတဲ့ လူ့ဂုဏ်သိက္ခာနဲ့မညီတဲ့ တောင်းဆိုမှုပြုလုပ်ခဲ့တဲ့အပြင် အဲဒီလိုမတောင်းပန်ရင် ကန်သာရွာကို မိုင်းခွဲတိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခဲ့ပါသေးတယ်။

ဒါ့အပြင် သူတို့ဆက်ကြေးကောက်တဲ့ ဂိတ်မှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေ တရားခံတွေကို မြို့နယ်ပကဖဆီ လွှဲပြောင်း အပ်နှံတာမလုပ်ဘဲ တရားခံတွေကို ငွေတောင်းခံ၊ ပြန်လွှတ်ပေးခဲ့ပြီး မူးယစ်ဆေးဝါးတွေကိုလည်း မဖျက်ဆီးဘဲ သူတို့စခန်းမှာ သိမ်းထားတာ၊ ခိုင်လုံသက်သေမရှိဘဲ မတရားဖမ်းဆီးပြီး စစ်ဆေးခြိမ်းခြောက် ရိုက်နှက်တာ၊ သူတို့အဖွဲ့ ဝေဖန်သူတွေကို ကိုယ်ထိလက်ရောက် ရိုက်နှက်ကန်ကျောက်တာ၊ မိုင်းခွဲပြီး ခြိမ်းခြောက်တာ၊ ညအချိန် ကျေးရွာအတွင်း အများပြည်သူ အထိတ်တလန့်ဖြစ်စေမဲ့ အကြောင်းမဲ့ မိုင်းခွဲတာ အမြဲလိုလိုပြုလုပ်ခဲ့ကြပါသေးတယ်။

ဒါ့အပြင် ကန်ကျေးရွာအတွင်း လောင်းကစားဝိုင်းတွေကို ဖြိုးဝေကျော်က ဆက်ကြေးငွေယူပြီး လုပ်ကိုင်ခွင့်ပေးထားတာ၊ ကျွန်းခုံသာတံတားထိပ် ဂိတ်ဖွင့်ပြီး လက်နက်ကိုင်အဖွဲ့တွေ လိုက်နာရမဲ့ မူဝါဒနဲ့မညီဘဲ ကျွဲနွားတစ်ကောင်လျှင် (၂၀၀၀) ကျပ်နှုန်း၊ ကျွဲနွားတင်ယာဉ်ကို တစ်စီး (၅၀၀၀၀) ကျပ်နှုန်း၊ တောင်သူထွက်ကုန်ဖြစ်တဲ့ ပဲ၊ နှမ်းတစ်အိတ် (၂၀၀)ကျပ်နှုန်း ဆက်ကြေးငွေကောက်ခံတာ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ သင်တောရွာက ပြည်သူတစ်ဦးတင်ဆောင်လာတဲ့ ပဲယင်းနီ- ၁၅၀အိတ်(တင်း-၃၀၀) ကို မတရားသိမ်းဆည်းတာ၊ မွှေ့လယ်ရွာက ပြည်သူတစ်ဦးရဲ့ ဆန်(၂၈)အိတ်ကို မတရားသိမ်းယူတာနဲ့ ကန်သာရွာက မန္တလေးဘုန်းကြီးကျောင်းကို လှူဒါန်းတဲ့ ဆီ(၃)ပုံး သိမ်းယူတာ စတာတွေ ပြုလုပ်ခဲ့တယ်လို့လည်း ဂန့်ဂေါပကဖက ထုတ်ပြန်ခဲ့သလို ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (YDF) ရဲ့ တပ်ရင်း (၄) Phoenix Defense Battalion (PDB) ကျုးလွန်တဲ့ပြစ်မှုတွေကို NUG ကာကွယ်ရေးဝန်ကြီးဌာနဆီ တင်ပြထားတယ်လို့ ပြောခဲ့ပါသေးတယ်။

၅။

NUG ဩဇာခံ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (YDF) ရဲ့ တပ်ရင်း (၄) Phoenix Defense Battalion (PDB) ကျူးလွန်ခဲ့တဲ့ လူသတ်မှု ၂၀ ကျော်၊ ကာမနှောင့်ယှက်မှု၊ ဆက်ကြေးကောက်မှု၊ ပြည်သူကို အနိုင်ကျင့်ငွေညှစ်မှုတွေသာ ဆန့်ကျင်ဘက်လက်နက်ကိုင်အဖွဲ့အစည်းကလုပ်တယ်ဆိုရင် NUG နဲ့ Exile Media တွေဟာ တစ်ကမ္ဘာလုံးသိအောင် ရေးကြမှာပါ။ ဒါပေမဲ့ ဒီလိုကျုးလွန်တာက NUG နဲ့ PDF တွေဖြစ်နေတော့ ဘယ် Exile Media ကမှ ရေးသားတာ မတွေ့ရသလို စစ်ရာဇဝတ်မှုကျုးလွန်နေတဲ့ NUG နဲ့ PDF တွေဟာလည်း တာဝန်ယူမှု တာဝန်ခံမှု မတွေ့ရပြန်ပါဘူး။

အခု ကာမနှောင့်ယှက် လူသ-တ်မှု ၂၀ ကျော်ကျူးလွန်ထားတဲ့ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (YDF) ရဲ့ တပ်ရင်း (၄) Phoenix Defense Battalion (PDB) တစ်ဖွဲ့လုံးကို ဘာတစ်ခုမှအရေးမယူခဲ့တဲ့အပြင် ကာကွယ်ရေးဝန်ကြီးဌာန တင်ပြတယ်ဆိုတာနဲ့ ပြီးသွားသလို ရှေ့တုန်းက ပြစ်မှုတွေမှာဆိုရင်လည်း လူ ၂၀ ကျော်သ-တ်တဲ့ ဗိုလ်သံမဏိတို့ ယင်းမာပင် PDF ကို အရေးမယူတာ၊ ရန်ကုန်တက္ကသိုလ်က CDM တွဲဘက်ပါမောက္ခတစ်ယောက်ရဲ့ ငါးနှစ်သမီးကို မုဒိမ်းကျင့်တဲ့ တွံတေး NLD ပါတီအတွင်းရေးမှူးအောင်မင်းကို NUG က အဖမ်းပြပြီး လွှတ်ပေးတာ၊ ကလေးတွေနဲ့ အမျိုးသမီး ၇ ဦးကို သ-တ်-ဖြ-တ် မုဒိမ်းကျင့်တဲ့ ချောင်းဦးပကဖ လေးဦးက ခေါင်းဆောင်ကို ထွက်ပြေးတယ်ဆိုပြီးလွှတ်ပေးလိုက်တာ၊ တမူးက မအေးမာထွေးကို လူမြင်ကွင်းမှာပစ်သ-တ်တဲ့ PDF ဂျပန်ကြီးလင်မယားကို အရေးမယူတာ၊ အခုမုံရွာက မွေးဖွားလုနီး ကိုယ်ဝန်သည် မအေးငြိမ်းသူကို သ-တ်တဲ့ Monywa Force PDF အဖွဲ့ကို ဆက်အရေးမယူတဲ့ ဖြစ်စဥ်တွေအများအပြားပါ။ ဒါဟာ သူတို့ရဲ့ လုယက်သ-တ်-ဖြ-တ် မုဒိမ်းကျင့်ခံရတဲ့ ပြည်သူတွေအတွက်တော့ NUG လုပ်တဲ့ မတရားမှုနဲ့ စစ်ရာဇဝတ်မှုပါပဲ။ မတရားမှုတွေ လက်မခံချင်လို့ လက်နက်ကိုင်တဲ့အဖွဲ့ဟာ ကိုယ့်လက်ထဲ လက်နက်ရောက်ချိန်မှာ သူတို့လက်ညှိုးထိုးခဲ့တဲ့အဖွဲ့အစည်းထက် ပိုပြီးကို မတရားမှုလုပ်နေတာကလည်း ထောက်ခံမိတဲ့ ပြည်သူ့ကံပါပဲ။

Leave a Reply

Your email address will not be published. Required fields are marked *