၉. ၈. ၂၀၂၃
Written By Thandar

ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားတဲ့ မော်ဒယ်လ်သရုပ်ဆောင် ရွှေစင်ကတော့ တခါတလေ တစ်ယောက်ထဲ အထီးကျန်တဲ့အခါ ရင်ခွင်တစ်ခုခုထဲမှာ မှီနွဲ့ပြီးချွဲချင်တာမျိုးဖြစ်မိတယ်လို့ ဖွင့်ဟလာပါတယ်။

“ဇင်က ဟန်ဆောင်ပြီးတော့လည်း မချစ်တတ်ဘူး ချစ်ရင်လည်း တကယ်ချစ်တာဆိုတော့ စိတ်တစ်ခုက ရှုတင်မှာလည်းအာရုံစိုက်ရသလို အပြင်မှာလည်း အာရုံစိုက်ရရင် တခါတလေ ဒွိဟတော်တော်များတယ်။ ဗျာ များတယ်။ ဇင်က ခံစားချက်တွေ ရင်သိပ်ဖွင့်လေ့မရှိတော့ တခါတလေ အထီးကျန်ခံစားရတာတွေ ရှိတယ်။ ရည်းစားဟောင်းဆီ ပြန်သွားချင်တာလည်း မဟုတ်ဘူး။ တခါတလေ အထီးကျန်တဲ့အခါ ရင်ခွင် တစ်ခုခုထဲမှာ မှီနွဲ့ပြီး ချွဲချင်တာမျိုးဖြစ်မိတယ်။ အရမ်းချစ်မိရင် တအားပူလောင်ရတယ်လို့ ချစ်ဖူးသူတိုင်းတော့ သိကြပါတယ်”လို့ မော်ဒယ်လ်သရုပ်ဆောင် ရွှေစင်က MT News ကိုပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-08-09_11-54-33-1024x746.jpg

သူမကတော့ လက်ရှိ မင်္ဂလာ Wedding ပွဲတွေ တော်တော်များများနဲ့ Photo Shooting တွေကို ဆက်တိုက်ရိုက်ကူးလာသလို Live Sale တချို့လည်း ရောင်းချတာမျိုးတွေလည်း ရှိပါတယ်။ ရွှေစင်ကတော့ လက်ရှိ အချိန်မှာ တစ်ယောက်ထဲ ဘဝကို ဖြတ်သန်းနေတဲ့အတွက် အလုပ်တွေကို ပိုဦးစားပေးအာရုံစိုက် လုပ်ကိုင်နိုင်တယ်လို့ ဆိုပါတယ်။

“မင်္ဂလာဝတ်စုံတွေ ဝတ်နေပေမယ့် ခုတော့ မဆောင်ဖြစ်သေးပါဘူး။ တချိန်ကျရင်တော့ မင်္ဂလာဆောင်ဖြစ်မှာပေါ့။ ဇင်က သတို့သမီးတွေ ဝတ်စုံတွေ ဝတ်ရိုက်ရင် တော်တော်များများ ဇင်တစ်ယောက်ထဲ စင်ပေါ်မှာ လမ်းလျှောက်ဖြစ်တာများတယ်။ သတို့သမီးဝတ်စုံဝတ် လျှောက်ရတာကို ရင်တောင် မခုန်တော့ဘူး။ အတွဲလည်း ဘယ်တော့မှ ရိုက်ခွင့်မရဘူး။ ရည်းစားရှိတုန်းက သူက ဇင့်ကို ဘယ်သူနဲ့မှ မတွဲနဲ့ဆိုပြီး မှာခဲ့လေသသလားတောင်ထင်လို့ပြန်စဉ်းစားမိတယ်။ ကျိန်းကျေပြီးသူနဲ့ပါ မတွဲရတော့ဘူး။ ဇင်က အချစ်ခံရတာကြိုက်တယ်။ တစ်ယောက်ထဲနေရတာ ကောင်းပါတယ်။ တစ်ယောက်ထဲနေရတော့ တခါတလေ အထီးကျန်တာတွေတော့ရှိတာပေါ့။ ဇင်က အလုပ်အပေါ်မှာ ၁၀၀ ရာခိုင်နှုန်းအားစိုက်တတ်တဲ့သူမို့ တစ်ယောက်ထဲဆိုတော့ ပိုအားစိုက်လုပ်နိုင်လာတာပေါ့”လို့ သူမကဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *