၉. ၈. ၂၀၂၃
Written by Nay Moe

၁။

NUG ဩဇာခံ PDF တွေဟာ ပြည်သူကို လုယက်သတ်ဖြတ်မှာ မဟုတ်ဘူးလို့ ထင်မှတ်မှားတတ်ကြပေမဲ့ တကယ့်တကယ်တမ်းမှာတော့ PDF တွေဟာလည်း လက်နက်အားကိုးနဲ့ ပြည်သူကို အနိုင်ကျင့်လုယက်သ-တ်ဖြတ်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အခုရက်ပိုင်းမှာကိုပဲ အဲဒီလို လုယက်သ-တ်ဖြတ်မှု ၁၀၀ ကျော် ကျုးလွန်တဲ့ PDF တပ်ဖွဲ့က ခေါင်းဆောင်ကို ပစ်သတ်ပြီး ကျန်တဲ့ PDF တွေကို လက်နက်ဖြုတ်သိမ်းလိုက်ပါတယ်။

အဲဒီနေရာမှာ ခေါင်းဆောင်ကိုပစ်သ-တ်ပြီး လက်နက်ဖြုတ်သိမ်းခံလိုက်ရတဲ့ NUG ဩဇာခံ PDF အဖွဲ့ကတော့ မြင်းခြံခရိုင် တပ်ရင်း (၅)၊ MG6 ပြောက်ကျားတပ်ဖြစ်ပြီး အဲဒီတပ်က ခေါင်းဆောင်ဖိုးချမ်း(ခ) တပ်ရင်းမှူးဗိုလ်ကျော်လင်းထွန်းကို ပစ်သ-တ် ကျန်တဲ့ ၁၁ ယောက်ကို လက်နက်ဖြုတ်သိမ်းလိုက်တာကလည်း NUG ဩဇာခံ PDF တပ်ဖြစ်တဲ့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ရေလယ်ကျွန်းတပ်ပေါင်းစုပါ။

MG6 ပြောက်ကျားတပ်ရဲ့ ဓားပြတိုက်လူသ-တ်မှုတွေကို အရင်တုန်းက လက်ပိုက်ကြည့်နေခဲ့ပြီး ပြည်သူကို နှိပ်စက်သ-တ်ဖြတ်တာကို မသိကျိုးကျွံပြုနေခဲ့တဲ့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ရေလယ်ကျွန်း PDF တွေဟာ MG 6 ပြောက်ကျားတပ်က သူတို့ရဲ့ ဝါးဘိုးရွာပကဖခေါင်းဆောင်ကို ဩဂုတ် ၃ ရက်မှာ MG6 ပြောက်ကျားတပ်က ဝင်ဖမ်းချိန်၊ ပကဖခေါင်းဆောင်ကို မတွေ့လို့ ဇနီးနဲ့ အသက် ၆ နှစ်၊ ၁၃ နှစ်အရွယ် သားသမီးနှစ်ဦး စုစုပေါင်း သုံးဦးကို ရိုက်နှက်ပြီး ဖမ်းဆီးသွားချိန်မှ ဩဂုတ် ၄ ရက် မနက်မှာ MG6 ခေါင်းဆောင် ဖိုးချမ်းကို ပစ်သ-တ်ပြီး ကျန်တဲ့ MG6 အဖွဲ့ဝင် PDF တွေကို လက်နက်ဖြုတ်သိမ်းခဲ့တာပါ။

၂။

MG6 ပြောက်ကျားတပ်ကို လက်နက်ဖြုတ်သိမ်းပြီးနောက်မှာ ဖိုးချမ်းရဲ့ ငယ်သား ၁၁ ဦးကို စစ်မေးချိန်မှာ NUG ဩဇာခံ အဲဒီ မြင်းခြံခရိုင် တပ်ရင်း (၅) MG6 ပြောက်ကျားတပ်က လူသတ်ဓားပြမှုပေါင်း ၁၀၀ ကျော် ကျုးလွန်ထားတယ်လို့ ထွက်ဆိုခဲ့ပြီး အဲဒီဖြစ်စဉ်တွေမှာ မြင်းခြံမြို့ အမှတ်(၇) ရပ်ကွက် စည်ပင်သာယာစျေးမြောက်ဘက်က နီနီလွင်ရွှေဆိုင်ကို ဇွန်လ ၈ ရက်နေ့မှာ MG6 ပြောက်ကျားတပ်က ဓားပြတိုက် ဆိုင်ရှင်ဦးဇော်နိုင်ထွန်းကို ပစ်သတ်ခဲ့တာ၊ ၂၀၂၃ နှစ်ဆန်းပိုင်းလောက် ပြီးခဲ့တဲ့ ၈ လလောက်မှာ မော်တော်ကားတစ်စီးဝယ်ယူပြီး ပိုက်ဆံမပေးချင်လို့ ကားလာပို့တဲ့သူ ၃ ယောက်နဲ့ ရဟန်းသံဃာတစ်ပါးကို ပစ်သ-တ်ပြီး ရေထဲမျှောလိုက်တာ၊ သင်္ဘောတွေကို ဖမ်းပြီး ငွေတောင်းတာစတဲ့ ဓားပြတိုက် လူသ-တ်အလောင်းဖျောက်မှု ၁၀၀ ကျော် ကျုးလွန်ထားတယ်လို့ Myanmar Now သတင်းဌာနက ဩဂုတ် ၈ ရက်မှာ ရေးသားခဲ့တာ တွေ့ရပါတယ်။

“သောင်းကျန်းတာကတော့ တော်တော်သောင်းကျန်းတယ်။ ပြည်သူတွေကကို သူတို့ကြောက်နေရတာ။ လူငယ်ကျောင်းသားတွေဆိုတော့ ထိန်းကွပ်မဲ့သူမရှိတာပေါ့။ သင်္ဘောကိစ္စတွေရော(ဓားပြတိုက်၊ ဆက်ကြေးကောက်) ဆိုတော့ လက်နက်ပစ္စည်းကလည်း ပေါတယ်။ …. မောင်းပြန်တွေဆိုတာလည်း လူစေ့လောက်ရှိတယ်။ သူတို့က နယ်မြေခံတွေအပေါ်လည်း မထီမဲ့မြင်လုပ်တယ်။ သူတို့ကဓားပြလည်း တိုက်တယ်။ လူတွေသ-တ်ပြီးတော့ ကားတွေလည်း ယူတယ်။ ဒီနေ့သတင်းကြားတာကတော့ ဖိုးချမ်းရဲ့ ကလေးတွေ စစ်ဆေးတော့ ဓားပြတိုက်တာတွေ အကုန်ပေါ်တယ်တဲ့။ ဒီကောင်တွေက ဆေးသမားတွေ၊ ဆေးသုံးတယ်ဆိုတာကို လူငယ်တွေ အဖွဲ့တွေကလည်း ပြောတယ်။ ဖိုးချမ်းတို့အဖွဲ့က ပိုက်ဆံတွေလည်းပေါတယ်။ ဆေးတွေလည်းသုံးတယ် ပြောတဲ့သတင်းတော့ ကြားရတာပေါ့” လို့ မြင်းခြံဒေသတွင်းမြို့နယ်ပကဖ ဦးဆောင်သူတစ်ဦးက Era’Eye မီဒီယာကို ဖြေဆိုခဲ့တာကိုလည်း တွေ့ရပါတယ်။

၃။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ MT News သတင်းဌာနက MG6 ပြောက်ကျားတပ်ကို ဆက်သွယ်မေးမြန်းရာမှာ MG6 တပ်ဖွဲ့ဝင်တစ်ဦးက “ဟုတ်ကဲ့ဗျ။ ကျွန်တော်တို့ဘက်က အတည်ပြုပြောကြားပေးဖို့ အထက်က အမိန့်ကျမလာသေးလို့ပါဗျ။ အခြေအနေတစ်ခုကြောင့် အချိန်အတိုင်းအတာတစ်ခုအထိတော့ စောင့်ပေးကြပါဗျ။ အချိန်တန်တဲ့အခါ ကျွန်တော်တို့ဘက်က အကုန်လုံးကို ပြန်လည်ရှင်းလင်းဖြေကြားပေးသွားပါမယ်ဗျ” လို့ ဖြေဆိုပါတယ်။ ဒါပေမဲ့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတော့ တုံ့ပြန်ဖြေကြားမှု မရှိပါဘူး။ ဒါ့အပြင် ဒီလောက်ကြီးတဲ့ ပြသနာအပေါ်မှာလည်း NUG က နှုတ်ဆိတ်နေပြီး ဒီနေ့အထိ မသိကျိုးကျွံပြုနေဆဲပါ။

လက်ရှိအချိန်မှာ NUG ဟာ PDF တပ် ၄၀၀ ကျော်လောက် ဖွဲ့စည်းထားနိုင်ပြီဖြစ်လို့ ဒေသန္တရကာကွယ်ရေးတပ်တွေကို သူတို့လက်အောက်မခိုလှုံရင် ပစ်ခတ်သ-တ်ဖြတ်လက်နက်ဖြုတ်သိမ်းတာတွေ လုပ်နေသလို အဲဒီလက်အောက်ခံ PDF တွေ၊ ပကဖတွေ၊ ပအဖတွေကလည်း သူတို့ကို တိုက်ရိုက်အုပ်ချုပ်တဲ့ အကြီးအကဲ မရှိတာ၊ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနမှာ အရေးယူအပြစ်ပေးနိုင်တဲ့ စစ်ခုံရုံးတွေ၊ ဥပဒေတွေ မရှိတာ၊ ခေါင်းဆောင်တွေကိုယ်တိုင်က ပြည်ပမှာ ပုန်းရှောင်နေရတာ၊ သင်္ကန်းဝတ်နဲ့ လူ ၂၀ ကျော် သ-တ်ဖြတ်တဲ့ ဗိုလ်သံမဏိတို့ ယင်းမာပင် PDF ကို NUG က အရေးမယူတာ၊ ကလေးငယ်တွေနဲ့ အမျိုးသမီးငယ် လေးဦးအပါအဝင် ၇ ဦးကို ချောင်းဦးပကဖ ၄ ယောက်က မုဒိမ်းကျင့် သ-တ်ဖြတ်တာကို မုဒိမ်းမှုဖျောက်ပြီး လူသ-တ်မှုနဲ့ အရေးယူမယ်လို့ပဲ သာမန်လောက်ဖောက်ဖျက်ခဲ့တာ၊ ဆောပကဖဟာ လုယက်မှု၊ မုဒိမ်းမှုကျုးလွန်ထားသူတွေကို ပလဖအဖြစ်စုဆောင်းပြီး အဲဒီ PDF ၈ ယောက်က အမျိုးသမီးငယ်တစ်ဦးကို အကြိမ်ကြိမ်အုပ်စုဖွဲ့မုဒိမ်းကျင့်တာကို အရေးမယူတာ၊ PDF တွေဟာ ဒေသတစ်ခုမှာ တစ်ဖွဲ့ စစ်ဘုရင်တစ်ပါးလို မင်းမူနေနိုင်တာတွေကြောင့် ထိန်းကွပ်သူမရှိလို့ အဲဒီလို လူသ-တ်ဓားပြတိုက် ဖြစ်စဉ်တွေကို PDF အဖွဲ့တွေ အများစုက လုပ်ကိုင်နေကြတာပါ။

ဒါပေမဲ့လည်း အဲဒီလို လူသ-တ်၊ ဓားပြတိုက် လုပ်ပြီးတိုင်း အသ-တ်ခံရတဲ့သူတွေက “ဒလန်၊ သူလျှို၊ နစက ယန္တရားလည်ပတ်အောင်လုပ်ပေးသူဖြစ်လို့ သ-တ်ဖြတ်ပြီး ပိုင်ဆိုင်မှုတွေကို တော်လှန်ရေးအတွက် သိမ်းလိုက်တယ်” ဆိုတာမျိုးနဲ့ ဆင်ခြေပေးလိုက်ရင် ဘယ်သူကမှ မပြောရဲတော့သလို သိတဲ့သူတွေကလည်း PDF တွေ လာရောက်သ-တ်ဖြတ်မှာကြောက်လို့ မပြောရဲတဲ့ အခြေအနေပါ။

ဒီအခြေအနေမျိုးဟာ ဒေသအနှံ့မှာဖြစ်နေပြီး PDF တွေရဲ့ ဒီလိုမျိုး စည်းလွတ်ဝါးလွတ်သ-တ်ဖြတ်မှုကြောင့်လည်း ရဟန်းသံဃာတွေ၊ နိုင်ငံ့ဝန်ထမ်းတွေ၊ ရပ်ကျေးတွေ၊ ကလေးသူငယ်တွေနဲ့ အပြစ်မဲ့ပြည်သူ ၆၀၀၀ ကျော် သေဆုံးထားရပါတယ်။ ဒီလိုမျိုး သ-တ်ဖြတ်ပေမဲ့ အရေးယူမှုမရှိတာ၊ NUG ဟာ တရားဝင်အစိုးရအဖြစ် ဘယ်နိုင်ငံကမှ အသိအမှတ်ပြုမထားတာကြောင့် ဒီလိုအကြမ်းဖက်မှုတွေကို တာဝန်ယူမှု၊ တာဝန်ခံမှု လုပ်စရာမလိုတဲ့ လက်နက်ကိုင် အဖွဲ့အစည်းအဖြစ်နဲ့ ရပ်တည်နေတာပါ။ ဒါမျိုးဖြစ်စဉ်တွေ အမြန်ဆုံးချုပ်ငြိမ်းဖို့ လိုအပ်နေပါတယ်။ လက်နက်ကိုင်အကြမ်းဖက်မှုတွေကို ထောက်ခံနေသရွေ့ PDF တွေရဲ့ ဓားပြတိုက်လူသ-တ်မှုတွေမုဒိမ်းမှုတွေ ဆက်ဖြစ်နေဦးမှာဖြစ်ပြီး ဒီလိုကျုးလွန်ထားတာတွေကိုလည်း တစ်ဖက်အဖွဲ့အစည်းလွှဲချ၊ သူတို့ချင်း မတိုက်ကြသရွေ့ အဖြစ်မှန်ကို လူထုသိခွင့်မရဘူးဆိုတာကတော့ MG6 နဲ့ ရေစကြိုပကဖတို့ တိုက်ပွဲအပြီးမှာ ဖွင့်ချလာတဲ့ လူသ-တ်လုယက်ဓားပြတိုက်မှုတွေက သက်သေပါပဲ။

Leave a Reply

Your email address will not be published. Required fields are marked *