MT News

Written by Tha Doe

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနအနေဖြင့် SAC လက်ထက် ၁၅ လတာကာလအတွင်းကျပ် ၉ ဘီလျံကျော်၊ ဒေါ်လာသုံးသိန်းကျော်အပါအဝင် အခြားငွေကြေးများကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ခဲ့ကြောင်း ၁၉၅၁ ခုနှစ် စက်တင်ဘာ ၁ ရက်တွင် ဖွဲ့စည်းခဲ့သည့်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၏ ၇၁ နှစ်မြောက်နှစ်ပတ်လည်နေ့အမှတ်တရအဖြစ် ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းလွှာတွင် ဖော်ပြထားသည်။

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနသည် ဘဏ္ဍာငွေရှာဖွေသည့်ဌာန မဟုတ်သော်လည်း စုံစမ်းစစ်ဆေးရေးလုပ်ငန်းများမှ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့အစိုးရလက်ထက်တွင် ၁၉၈၈ခုနှစ်၊ စက်တင်ဘာလမှ ၁၉၉၇ ခုနှစ်အောက်တိုဘာလအထိ မြန်မာကျပ်ငွေသန်း ၂,၅၀၀ ကျော်(၂.၅ ဘီလျံ)၊ အမေရိကန်ဒေါ်လာ ၄၆၉ နှင့် စင်ကာပူဒေါ်လာ ၇၁၇၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီအစိုးရလက်ထက်တွင် ၁၉၉၇ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၁၁ ခုနှစ်၊ မတ်လအထိ မြန်မာငွေကျပ် ၃၀,၃၉၅,၈၂၅ သန်း (၃၀,၃၉၅ ဘီလျံကျော်)၊ အမေရိကန်ဒေါ်လာ ၁၄,၀၉၀,၇၂၇ ဒေါ်လာ၊ FEC ၁၄၀,၆၂၇ ယူနစ်၊ ယူရို ၂၆,၃၆၂၊ ထိုင်းဘတ် ၆,၅၅၃,ဝ၇ဝ၊ တရုတ်ယွမ် ၁၀၇,၈၁၂ စင်ကာပူဒေါ်လာ ၅,၇၉၂၊ နီပေါရူပီး ၆၈၊ ဆော်ဒီရီယရ်လ် ၅၆၊ ကိုရီးယားဝမ် ၁၉,ဝဝဝ၊ အင်ဒိုနီးရှားရူပီး ၁၀,၁၀၀၊ ဂျပန်ယန်း ၁၉၃,၀၀၀ နှင့် နိုင်ငံခြားငွေအချို့ စသည်ဖြင့် နိုင်ငံ့ဘဏ္ဍာ ရှာဖွေပေးနိုင်ခဲ့ကြောင်း သိရသည်။

ထိုနည်းတူ အရပ်သားအစိုးရများ လက်ထက် USDP အစိုးရသက်တမ်းအတွင်း ၂၀၁၁ ခုနှစ်၊ ဧပြီလမှ ၂၀၁၆ ခုနှစ်၊ မတ်လအထိ မြန်မာကျပ်ငွေ ၂,၁၅၉.၃၀၈သန်း(၂.၁၅၉ ဘီလျံ) ရှာဖွေပေးနိုင်ခဲ့ပြီး NLD အစိုးရဟောင်းလက်ထက်တွင်၂၀၁၆ ခုနှစ်၊ ဧပြီလမှ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအထိ မြန်မာကျပ်ငွေ ၇.၂၅၈.၄၉ သန်း(၇.၂၅၈ ဘီလျံ)၊ အမေရိကန်ဒေါ်လာ ၆၄၀,၆၂၀၊ ယူရိုငွေ ၃၃,၀၀၀၊ ဂျပန်ယန်း ၅,၂၆၁,ဝဝဝ (၅၂.၆သန်း)၊ မလေးရှားရင်းဂစ် ၂၈,၅ဝ၅၊ တရုတ်ယွမ် ၃၃,၁၉၃၊ အင်္ဂလန်နိုင်ငံသုံးငွေ ၆၁ဝ စတာလင်ပေါင်၊ ထိုင်ဝမ်ဒေါ်လာ ၅၀,၇၀၀ကိုရီးယားဝမ် ၁,၀၀၁,၀၀၀၊ ဟောင်ကောင်ဒေါ်လာ ၁၇,၁၀၀၊ ထိုင်းဘတ် ၃,၀၈၅,၁၆၃၊ ရူပီး ၂,၉၀၀၊ စင်ကာပူဒေါ်လာ ၄၀၀ အား နိုင်ငံ့ဘဏ္ဍာအဖြစ် ရှာဖွေပေးနိုင်ခဲ့သည်။

အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၂ခုနှစ်၊ ဇူလိုင်လအထိ မြန်မာငွေကျပ် ၉,၀၈၂.၅ သန်း (၉.၀၈၂ ဘီလီယံ)၊ အမေရိကန်ဒေါ်လာ ၃၂၄,၅၄၇၊ စင်ကာပူဒေါ်လာ ၃,၀၄၂၊ ဟောင်ကောင် ဒေါ်လာ ၁,၀၀၀၊ ထိုင်းဘတ် ၃၂၀၊ မလေးရှားရင်းဂစ် ၆၃၊ တရုတ်ယွမ် ၁ဝဝ နှင့် လာအိုကစ်ပ် ၁,၀၀၀ တို့ကို မှုခင်းများအပေါ်  စုံစမ်းစစ်ဆေး ပေါ်ပေါက်ချက်အရ နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ခဲ့သည်။

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနသည် စုံစမ်းစစ်ဆေးပေါ်ပေါက်ချက်များကို သက်ဆိုင်ရာတရားရုံးများက အရေးယူနိုင်ရေးတရားစွဲတင်ပို့ရာတွင် ဌာနတွင်း ဥပဒေအကြံပြုချက်ယူသကဲ့သို့ လိုအပ်ပါက ပြည်ထောင်စုရှေ့နေချုပ်ရုံးမှလည်း ဥပဒေအကြံပြုချက်များရယူ၍ ဆောင်ရွက်နေပြီး ဦးစီးဌာန၏ စစ်ဆေးပေါ်ပေါက်ချက်၊ ဌာနတွင်း အကြံပြုချက်၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့သို့ တင်ပြပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News