၃၁.၇.၂၀၂၃
Written By Thandar

ပရဟိတမင်းသမီးကြီးလို့ အများက ချစ်စနိုးတင်စားခေါ်ဝေါ်ကြတဲ့ မင်းသမီးခိုင်နှင်းဝေက ပရဟိတလုပ်ရတာ ပျော်သလို အနုပညာအလုပ်အတွက်လည်းအကောင်းဆုံး ကြိုးစား‌နေတယ်လို့ ဆိုပါတယ်။

“ပရဟိတလုပ်ရတာ ပျော်သလို ကိုယ့်အနုပညာအတွက်လည်း အကောင်းဆုံးကြိုးစားဖြစ်ပါတယ်။ အသစ် ထပ်မံရိုက်ကူးဖြစ်မဲ့ ဇာတ်လမ်းတွဲလေးအတွက် လိုအပ်တာလေးတွေကိုလည်း အသေးစိတ်ပြင်ဆင်နေပါတယ်။ အားပေးဖို့စောင့်မျှော်ပေးကြပါဦး” လို့ ခိုင်နှင်းဝေက ပြောပါတယ်။

သူမပါဝင်ရိုက်ကူးထားတဲ့ “ကျိန်စာသင့်နတ်သုဒ္ဓါ” ဇာတ်ကားက မလေးရှားနိုင်ငံမှာ ကျင်းပမယ့် AIFFI နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ ဆန်ခါတင် ရွေးချယ်ခြင်းခံထားရတာလည်း ဖြစ်ပါတယ်။

“ခုနှစ်ရက် သားသမီးတွေ ကောင်းမှုကြောင့် ဘေးက မြေကွက်လေးကိုလည်း အုတ်တံတိုင်း ကျပ်သိန်း ၁၀၀ ခန့်ဆောက်လုပ်ပြီးစီးသွားပါပြီ။ ဒီနှစ်ကုန်ပြီးရင် ၃ ထပ် အဆောက်အဦကို အသင်းပိုင် ဆက်လက်ဆောက်လုပ်သွားဖို့အစီအစဉ် ဆွဲထားပါတယ်။ အားလုံးပဲ ပီတိပွား ကုသိုလ်မျှယူနိုင်ကြပါစေ” လို့ သူမက ဆက်လက်ပြောပါတယ်။

သရုပ်ဆောင် ခိုင်နှင်းဝေဟာ ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာတည်ထောင်ပြီး မိဘမဲ့ကလေးတွေ၊ ရင်ခွင်မဲ့ ကလေးတွေ ကိုလည်း ပြုစုစောင့်ရှောက်ပေးလျက်ရှိပါတယ်။ ဒ့ါအပြင် အနုပညာပိုင်းမှာလည်း ဇာတ်လမ်းတွဲတွေကို အချိန်ပေးရိုက်ကူးပြီး အနုပညာအလုပ်တွေကိုလည်း မျှတအောင် လုပ်ဆောင်‌နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *