၂၈. ၇. ၂၀၂၃

Written by Nyein Kyaw

ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူအသစ် ထုတ်ဝေမည်ဆိုသည့် သတင်းကြောင့် ကျပ် ၃၅ သိန်းအထိ ခုန်တက်ခဲ့သည့် ပြည်တွင်းရွှေဈေး ပြန်လည်ကျဆင်းခြင်းမရှိဘဲ ကျပ် ၃၅ သိန်းခွဲသို့ ဆက်လက်မြင့်တက်ကာ ဒေါ်လာဈေး ကျပ် ၃,၃၀၀ အထက်၌ပင် ဆက်လက်ဖြစ်ပေါ်နေကြောင်း သိရသည်။

ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူထုတ်ဝေမည်ဟု ဗဟိုဘက်က ဇူလိုင် ၂၃ ရက်တွင် ထုတ်ပြန်ပြီးနောက် ပြည်တွင်း၌ ရွှေဈေးနှုန်းအတက်အကျ အရမ်းမြန်ခဲ့ပြီး ကမ္ဘာ့ရွှေဈေးမြင့်တက်မှုမရှိဘဲ ဇူလိုင်လ ၂၄ ရက်မှစတင်၍ ပြည်တွင်းရွှေဈေးနှုန်း အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃၅ သိန်းအထိ ခုန်တက်ခဲ့သည်။

ယခုရက်သတ္တပတ်အတွင်း ကမ္ဘာ့ရွှေဈေး တစ်အောင်စကို ဒေါ်လာ ၁၉၆၀ ရှိခဲ့ရာမှ ဇူလိုင်လ ၂၈ ရက်(ယနေ့) တွင် တစ်အောင်စကို ဒေါ်လာ ၁,၉၅၀ ဝန်းကျင်သို့ ပြန်လည်ကျဆင်းခဲ့သော်လည်း ပြည်တွင်း၌ အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃,၅၅၃,၀၀၀ အထိ ဆက်လက်မြင့်တက်နေခြင်းဖြစ်သည်။ ထို့အတူ ဇူလိုင်လ ၂၄ ရက်တွင် ပြည်တွင်း ဒေါ်လာဈေးနှုန်း တစ်ဒေါ်လာ ကျပ် ၃,၃၇၀ အထိ မြင့်တက်ခဲ့ပြီး ဇူလိုင်လ ၂၈ ရက်(ယနေ့)တွင်လည်း တစ်ဒေါ်လာ ကျပ် ၃,၃၃၀ ဖြင့် ကျပ် ၃,၃၀၀ အထက်၌ပင် ဆက်ရှိနေခြင်းဖြစ်သည်။

ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများသည် ဇူလိုင်လ ၂၄ ရက်တွင် ရွှေဈေးနှုန်း ၃,၅၀၀,၀၀၀ ကျပ်၊ ငွေလဲလှယ် နှုန်း တစ်ဒေါ်လာ ၃,၂၆၀ ကျပ်၊ ဇူလိုင်လ ၂၅ ရက်တွင် ရွှေဈေးနှုန်း ၃,၄၀၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၂၈၀ ကျပ်၊ ဇူလိုင်လ ၂၆ ရက်တွင် ရွှေဈေး နှုန်း ၃,၄၈၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၂၈၀ ကျပ်၊ ဇူလိုင်လ ၂၇ ရက်တွင် ရွှေဈေးနှုန်း ၃,၅၅၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၃၁၀ ကျပ် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News