MT News

Written by Nay Moe

NUG က ထူထောင်မယ်ကြေညာထားတဲ့ နွေဦးဖွံ့ဖြိုးရေးဘဏ်အတွက် မ,တည်ငွေကို ဒေါ်လာငါးသိန်းသတ်မှတ်မှာဖြစ်ပြီး သာမန်အစုရှယ်ယာ ဘီလျံ ၁၀၀ သတ်မှတ်မယ်လို့ NUG ရဲ့ ကြားကာလဗဟိုဘဏ်ဥက္ကဋ္ဌဦးတင်ထွန်းနိုင်က လက်မှတ်ထိုးထားတဲ့ ကြားကာလဗဟိုဘဏ်ရဲ့ ကြော်ငြာစာ ၁/၂၀၂၃ ကို ဇူလိုင် ၁၈ ရက် ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

သာမန်အစုရှယ်ယာ ဘီလျံ ၁၀၀ ဆိုတာဟာ အစုရှယ်ယာ သန်းပေါင်း ၁ သိန်းနဲ့ ညီမျှပြီး ကမ္ဘာပေါ်မှာ အစုရှယ်ယာထုတ်ဝေမှုအများဆုံးသတ်မှတ်တဲ့ဖြစ်စဥ်တစ်ခုဖြစ်သလို ဒီအစုရှယ်ယာတစ်စုကို ဒေါ်လာ ၀.၀၀၀၁ သတ်မှတ်မယ်လို့ NUG ရဲ့ ကြားကာလဗဟိုဘဏ်ဥက္ကဋ္ဌတင်ထွန်းနိုင်အမည်နဲ့ လက်မှတ်ရေးထိုးထုတ်ပြန်မှုမှာ ဖော်ပြထားပါတယ်။

ဒီ နွေဦးဖွံ့ဖြိုးရေးဘဏ်ကိုတော့ NUG ရဲ့ ကြားကာလဗဟိုဘဏ်က ၅၁ ရာခိုင်နှုန်း အစုရှယ်ယာယူထားမှာဖြစ်ပြီး ကျန်တဲ့ရှယ်ယာထည့်ချင်သူတွေကတော့ ၄၉ ရာခိုင်နှုန်းရမှာဖြစ်လို့ နွေဦးဖွံ့ဖြိုးရေးဘဏ်ဖြစ်လာရင် NUG က သာမန်အစုရှယ်ယာ သန်းပေါင်း ၅၁၀၀၀ ပိုင်ဆိုင်မှာဖြစ်ပြီး အခြားအစုရှယ်ယာထည့်ဝင်သူတွေကတော့ အစုရှယ်ယာ သန်းပေါင်း ၄၉၀၀၀ ကို ပိုင်ဆိုင်မှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *