၂၀၂၁ ခုနှစ်အတွင်း တရုတ်နိုင်ငံရှိ ကားပြပွဲတွင် ပြသထားသော Hong Gaung Mini EV အားတွေ့ရစဉ်

၂၇.၁၀.၂၀၂၂

Written By A Thaung

ကမ္ဘာ့ဈေးအသက်သာဆုံး လျှပ်စစ်ကား ထုတ်လုပ်သည့်ကုမ္ပဏီများထဲမှ တစ်ခုဖြစ်သည့် Hong Gaung သည် ၎င်းတို့၏ ဒေါ်လာ ၅၀၀၀ အောက်သာတန်ဖိုးရှိသည့် Mini EV များအား ဂျပန်ဈေးကွက်ကိုဝင်ရောက်နိုင်ရန် ပြင်ဆင်နေသည်။

လာမည့်နှစ်တွင် ဂျပန်ဈေးကွက်သို့ ရောင်းချနိုင်ရန်ပြင်ဆင်နေပြီး တန်ဖိုးနည်းလျှပ်စစ်ကားများ ထုတ်လုပ်နိုင်ခြင်းမရှိသေးသည့် ဂျပန်ဈေးကွက်အား စိုးမိုးနိုင်ရန် မျှော်လင့်နေကြောင်း Nikkei Asia သတင်းတွင်ဖော်ပြထားသည်။

ဂျပန်ဈေးကွက်သို့ ဝင်ရောက်မည့် Hong Gaung Mini EV မှာ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လမှစတင်၍ ရောင်းချခဲ့ရာ ယခုအချိန်အထိ အစီးရေ ၉၀၀၀၀၀ နီးပါးရောင်းချခဲ့ပြီး တရုတ်နိုင်ငံတွင် အရောင်းရဆုံး အသေးစားလျှပ်စစ်ကားဖြစ်သည်။

ဂျပန်နိုင်ငံသည် ဓာတ်ဆီသုံးကားငယ်များသာ အသုံးပြုနေသေးသည့်အတွက် ဥရောပဈေးကွက်တွင် နေရာရထားပြီးဖြစ်သည့် Hong Gaung Mini EV ဖြင့် ဈေးကွက်တွင်အောင်မြင်နိုင်မည့် အလားအလာများရှိနေသည်။

ဂျပန်နိုင်ငံသို့ တင်ပို့ရောင်းချရာတွင် ဂျပန်ယန်း ၆၅၀၀၀၀ (ကန်ဒေါ်လာ ၄၄၀၀) ဖြင့်ရောင်းချမည်ဖြစ်ပြီး ထိုဈေးမှာ ဂျပန်နိုင်ငံထုတ်ကားငယ်များ၏ ဈေးထက်ဝက်သာရှိနေကြောင်း ဈေးကွက်သုတေသနဆိုင်ရာက ပြောသည်။

ဂျပန်ရှိသက်ကြီးရွယ်အိုများအား ပြုစုစောင့်ရှောက်ပေးနေသူများနှင့် အထူးသင့်တော်သည့် Hong Gaung Mini EV မှာ အားအပြည့်သွင်းပြီးနောက် ကီလိုမီတာ ၁၂၀ အထိမောင်းနှင်နိုင်သည့်အတွက် ခရီးတိုများအတွက်အသုံးဝင်ကြောင်း သိရသည်။

လေးယောက်စီး အသေးစားလျှပ်စစ်ကား Hong Gaung Mini EV ကို လာမည့်နှစ်အစောပိုင်းကာလတွင် ဂျပန်နိုင်ငံတွင် အသုံးပြုခွင့်ရရှိနိုင်မည်ဖြစ်သည်။

Sources; Nikkei Asia

Leave a Reply

Your email address will not be published. Required fields are marked *