၂၆. ၁၀. ၂၀၂၂

Written by Thettant

“ဂွမ်မော်ပြောတဲ့ ဈေးတန်း။ ဘာဈေးတန်းမှ မရှိဘူး။ ဒေသခံတွေသည် ကံဆီးဈေးမှာဝယ်တယ်။ အောင်ဘာလေ(တန်ဂွမ်း)ဈေးမှာဝယ်တယ်။ အဲဒီမှာ ဘာဈေးတန်းမှ မရှိဘူးဒါဆိုရင် KIA ပြောခွင့်ရသူနဲ့ ဂွမ်မော်ရဲ့ ပြောဆိုမှုတွေ အရင်ညှိနှိုင်းဖို့ လိုပါလိမ့်မယ်…””ဗိုလ်ချုပ်ဇော်မင်းထွန်း”

ဟောင်ကောင်အခြေစိုက် CNN International က Field Producer Sandi Sidhu က SAC သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကို အောက်တိုဘာ ၂၄ ရက်က KIO တပ်မဟာ (၉) ဌာနချုပ်နယ်မြေမှာ လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ပါတယ်။ဒီမေးခွန်းအပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်းပြန်လည်ဖြေဆိုခဲ့တာကို မူရင်းအတိုင်း ပြန်လည်ဖော်ပြလိုက်ပါတယ်။

Sandi

ဗိုလ်ချုပ်ဇော်မင်းထွန်းရှင့်ကျွန်မကတော့ ဟောင်ကောင်အခြေစိုက် CNN International သတင်းဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ စန္ဒီစီဒူဖြစ်ပါတယ်။မြန်မာ့တပ်မတော်က အောက်တိုဘာ ၂၄ ရက်တုန်းက ကချင်ပြည်နယ်မှာလုပ်တဲ့ နှစ်ပတ်လည်အထိမ်းအမှတ်ပွဲတစ်ခုကို တိုက်ခိုက်မှု အပေါ် ထွက်ပေါ်လာတဲ့ ထုတ်ပြန် ချက်တွေနဲ့ပတ်သက်ပြီး လူကြီးမင်းတို့ထံက ထုတ်ပြန်ချက် သို့မဟုတ် ပြန်ကြားချက်ကို တောင်းခံ လိုတဲ့အတွက် အခုစာကိုရေးသားလိုက်ရခြင်းဖြစ်ပါတယ်။ လေကြောင်းကနေတိုက်ခိုက်မှုကြောင့် အရပ်သား ၁၀၀ ကျော်ထိခိုက်မှုတွေရှိပြီး အများအပြား သေဆုံးတယ်လို့ ထုတ်ပြန်ချက်တွေမှာဖော်ပြထားပါတယ်။ကုလသမဂ္ဂကလည်း လုံခြုံရေးတပ်ဖွဲ့အနေနဲ့ လက်နက်မဲ့အရပ်သားတွေအပေါ် အင်အား အလွန်အကျွံအသုံးပြုပြီးတိုက်ခိုက်တာဟာ လက်ခံနိုင်ဖွယ်ရာမရှိကြောင်းနဲ့ တာဝန်ခံဖို့ တောင်းဆိုထားကြောင်း ထုတ်ပြန်ထားပါတယ်။ ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ဘယ်လိုများတုံ့ပြန်မလဲဆိုတာ သိပါရကျေးဇူးတင်ပါတယ်။

ဗိုလ်ချုပ်ဇော်မင်းထွန်း ⏹ –

သည်ဖြစ်စဉ်နဲ့ပတ်သက်ပြီး ၂၄ ရက်နေ့က နိုင်ငံပိုင်သတင်းမီဒီယာတွေကတစ်ဆင့် သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါပြီ။ နိုင်ငံတော်ရဲ့ သတင်းထုတ်ပြန်ထားတဲ့ အကြောင်း အရာတွေကိုတော့ ခင်ဗျားဖတ်ပြီးလောက်ပြီထင်ပါတယ်။ ဖတ်ပြီး လောက်ရင် တော့ သည်မေးခွန်းကို ခင်ဗျား မေးမှာမဟုတ်ပါဘူး။ သည်သတင်းထဲ အကုန်ပါပြီး သားဖြစ်ပါတယ်။ ဒါက ကျွန်တော်ပြောချင်တဲ့ နံပါတ်တစ်အချက်ပါ။

ဒုတိယတစ်ချက်အနေ့နဲ့ ခင်ဗျားမေးတဲ့ မေးခွန်းဟာ ဘယ်အချက်အလက်ကို ကိုးကားပြီး ပြောတာလဲ။ ဘယ်လောက်တရားဝင်ခိုင်မာလို့လဲလို့ မေးချင်ပါတယ်။

တတိယအချက် ကောလဟလသတင်းတွေမှာပါတဲ့. ပြည်သူနဲ့ အနုပညာရှင်တွေ သေဆုံးတယ်ဆိုတာ၊ သည်နေရာဟာ ဘယ်လိုနေရာလဲ။ အဲဒီအနုပညာရှင်တွေဟာ ဘယ်လိုပတ်သက်ပြီးရောက်ရှိလဲ။ တစ်ချို့ ဓာတ်ပုံမှတ်တမ်းတွေဟာ KIA ဝတ်စုံ တွေနဲ့ပျံ့နှံ့နေပါတယ်။ အဲတော့ သူတို့ကဘာလဲ။ အဲဒီနေရာမှာ ရောက်တဲ့ အနုပညာရှင် ဘယ်လောက်ရှိလို့လဲ။ နီးစပ်တဲ့အသိုင်းအဝိုင်းက အသက်ရှင်သန်ဆဲ လို့ ပြောနေတာတွေရှိပါတယ်။ အတည်မပြုနိုင်သေးတာကို မေးတာလို့ ကျွန်တော် ထင်ပါတယ်။

စတုတ္တအချက် KIA ပြောရေးဆိုခွင့် ကိုယ်တိုင်ကပြောတယ်။ KIA ထိန်းချုပ်နယ်မြေလို့ သုံးနှုန်းပြောတယ်။ ဒါဆိုရင် သည်နယ်မြေဟာ ဘယ်လိုသူတွေရှိနေမလဲ။ KIA တပ်ဖွဲ့ဝင်တွေနဲ့အတူ PDF တွေနဲ့ သူတို့နဲ့ နီးစပ်သူတွေပဲရှိတယ်။ ဒါလည်း ကျွန်တော်တို့မှာ အထောက်အထားရှိပါတယ်။ သည်နယ်မြေသည် KIA ရဲ့အပြော အရ ထိန်းချုပ်နယ်မြေ၊ ကန့်သတ်နယ်မြေဖြစ်လို့ ဘယ်အရပ်သား ပြည်သူ ကမှလည်း သွားလို့မရဘူး။ သွားဖို့မလွယ်ဘူး။ ကံဆီးကသွားရင်တောင် ဘူဇာဒီး ရွာပျက် ဥရုမြစ် ချောင်းအတိုင်း ချောင်းဖျားအတိုင်းသွားရတယ်။ ဒေသအခေါ် ဥရာ ခချောင်းဖျား။ ဒါကိုဖြတ်ပြီးမှသာ လက်ရှိနေရာကို ရောက်မှာ။ ခင်ဗျားတို့ကောင်းကင်ဂြိုလ်တုပုံ တွေကြည့်ပါ။ သိနိုင်တယ်။ အဲဒီရဲ့ အဆောက်အဦ ကိုကြည့်ပါ။ ဂွမ်မော်ပြောတဲ့ ဈေးတန်း။ ဘာဈေးတန်းမှ မရှိဘူး။ ဒေသခံတွေသည် ကံဆီးဈေးမှာဝယ်တယ်။ အောင်ဘာလေ(တန်ဂွမ်း)ဈေးမှာဝယ်တယ်။ အဲဒီမှာ ဘာဈေးတန်းမှ မရှိဘူးဒါဆိုရင် KIA ပြောခွင့်ရသူနဲ့ ဂွမ်မော်ရဲ့ ပြောဆိုမှုတွေ အရင်ညှိနှိုင်းဖို့ လိုပါလိမ့်မယ်ဘယ်ခရီးသွားမှ မရှိဘူး။ ဘူဇာဒီးရွာကျော်ပြီး ဘယ်ဒေသခံကမှ မသွားဘူးသွားတဲ့ သူတွေက ဘယ်သူတွေလဲ ခင်ဗျားစဉ်း စားကြည့်ပါ။

ပဉ္စမအချက်အနေနဲ့ ထုတ်ပြန်ထားမှုတွေအရ KIA ရဲ့ တပ်မဟာမှူး အဆင့်ရှိသူ ၊ တပ်ရင်းမှူးအဆင့်ရှိသူတွေ အပါအဝင် PDF တွေ၊ NLD ရဲ့ အဖွဲ့တွေပဲ ပါတယ်။ အဆင့်တွေ အမည်တွေရာထူးတွေ၊ အဖွဲ့အစည်းတွေရဲ့ အထောက်အထားရှိပါ တယ်။ အရပ်သား အမည်စာရင်းတောင် မပါဘူး။ ထူးခြားတာက NLD ပါတီဝင် အမည်အချို့PDF အမည်အချို့ တွေ့ ရတော့ အကြမ်းဖက်လို့သတ်မှတ်ထားတဲ့ အဖွဲ့ တွေနဲ့ ဆက်စပ်မှုရှိတယ်အကြမ်းဖက်လုပ်ငန်းတွေကို ပူးတွဲလုပ်ဆောင်နေတာဟာ ထင်ရှားပါတယ်။

နောက်တစ်ချက်ကတော့ စစ်ကိုင်းတိုင်း မှာဖြစ်ပျက်နေတဲ့ ဖြစ်စဉ်တွေ နောက်ကွယ်က ဘယ်သူတွေ ပါသလဲ။ ခင်ဗျားတို့ကြည့်ရင်သိပါမယ်။ KIA ဟာ စစ်ကိုင်းတိုင်းအတွင်းက PDF တွေကို လေ့ကျင့်ပေးယုံတင် မကဘူးလက်နက်နဲ့ခဲယမ်းတွေမိုင်းတွေကိုပါ ထောက်ပံ့ပါတယ်။ ဖမ်းဆီးရမိ၊ သိမ်းဆည်း ရမိ လက်နက်တွေကို ကြည့်ရင် KIA ထုတ် လက်နက်တွေက အများဆုံးပါ ပဲ။ မန္တလေးတိုင်းဒေသဖက်ကမိတဲ့ လက်နက် တွေလည်း KIA ထုတ်တွေ ချည်းပဲ ဖြစ်ပါတယ်နောက်ကွယ်က KIA ရဲ့ အရာရှိတွေရဲ့ ပါ ဝင်ပတ်သတ်မှု တွေဟာများ စွာရှိကြောင်း အချက်အလက်တွေ ရှိပါတယ်။ ဒါ့ကြောင့် တပ်မတော် အနေဖြင့် လိုအပ်တဲ့ စစ်ဆင်ရေးကို ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ဆိုရင်သည်အဖွဲ့တွေပဲ ကျွန်တော်တို့ရဲ့ နယ်မြေထိန်းစခန်းတွေဖြစ်တဲ့ အောင်ဘာလေ ရွာအနီးက စခန်းတွေကို ဝင်တိုက်တာတွေ ရှိပါတယ်။ လက်ရှိ Online ဓာတ်ပုံ အထောက်အထားတွေကြည့်ပါ။ ယူနီဖောင်းနဲ့ သေဆုံး၊ ဒဏ်ရာရပုံတွေ တက်လာတာရှိတဲ့အတွက် အရပ်သား ဆိုတာ မရှိပါဘူး။ အရပ်သားနေထိုင်ရာနေရာ မဟုတ် ဘူးလို့ ပြောချင်ပါတယ်။

နောက်ဆုံး ဆက်စပ်ပြောချင်တာက တပ်မတော်ဟာ လက်နက်မဲ့ အရပ်သားတွေ အပေါ် တိုက်ခိုက်တာမရှိဘူးလို့ပြောချင်တယ်။ အောက်တိုဘာ ၁၂ ရက်နေ့က မုံရွာ-ကျောလမ်းကြောင်းပေါ်က ကန်ဒေါင့်ကျေးရွာအနီးမှာ ပြည်သူ ၁၅ ဦး ခရီးသွား စဉ် PDF က ဖမ်းဆီးခေါ်ဆောင် သွားတာရှိပါတယ်။ သည်သတင်း နဲ့ဆက်စပ်ပြီး အောက်တိုဘာလ ၁၉၊ ၂၀ မှာ ကွန်မန်ဒိုတပ်ဖွဲ့တွေနဲ့ ယင်းမာပင်မြို့ နယ် ရင်ပေါင် တိုင်နဲ့ ရွှေလှန်ကျေးရွာတစ်ဝိုက်မှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း လုပ်တယ်။ အဲဒီ KIA/PDF တွေနဲ့ တိုက်ပွဲ ၃ ကြိမ်ဖြစ်တာရှိပါတယ်။ နောက်ဆုံးကျွန်တော်တို့ အဲဒီ အဖွဲ့တွေ ဖမ်းဆီးချုပ်နှောင်ထားတဲ့ အမျိုးသမီးတွေ၊ ကလေးသူငယ်တွေ အပါအဝင် နိုင်ငံ့ဝန်ထမ်းတွေ၊ ကျေးရွာသူ၊ကျေးရွာသား ၂၆ ဦးကို ကယ်တင်နိုင်ခဲ့တယ်။ အချို့ အဲဒီမှာ ၂ နှစ်အရွယ်နဲ့ ၁၂ နှစ်အရွယ် ကလေးတွေပါတယ်။ အချို့ဆိုရင် ၇ လကနေ ၁နှစ်နီးပါး ချုပ်နှောင်ခံထား ရတာရှိပါတယ်။ ဒါက အနီးကပ်ဆုံးအဖြေပါ။ တပ်မတော်သည် အရပ်သား တွေကို တိုက်ခိုက်တာမရှိဘူး။ အကြမ်းဖက်သမားတွေ ဖမ်းဆီးမှုကနေ ပြည်သူ တွေကို ကယ်ထုတ်တာပဲ ရှိပါတယ်။ခင်ဗျားမေးတဲ့မေးခွန်းကို ကျွန်တော်စုံလင်အောင် ပြောပြီးဖြစ်ပါတယ်။ တပ်မတော် ဟာ လက်နက်မဲ့အရပ်သားကို တိုက်ခိုက်တာမရှိ။ ယင်းမာပင်ဖြစ် စဉ်ကိုကြည့်ပါ။ ပြည်သူကို ကယ်တင် တာပဲရှိတယ်။ ကချင်ပြည်နယ် ဖားကန့်ဒေသဖြစ်စဉ်ဟာKIA တပ်မဟာ ၉ က ထိန်းချုပ်ထားတယ်လို့ သူတို့ ကိုယ်တိုင်ပြောထားတဲ့ နယ်မြေ ဖြစ်တယ်။ အချက်အလက်တွေအရ KIA ရဲ့ PDF. အကြမ်းဖက်ဝင်တွေနဲ့ ဆက်နွယ်သူတွေသာရှိတယ်။ ဒါကို တပ်မတော်အနေနဲ့ စစ်ဆင်ရေးလုပ်တာ ဖြစ်တယ်။ နှစ်ပတ်လည်အခမ်းအနားဆိုတာလည်း ကျွန်တော်တို့ မသိဘူး။ ရန်သူတွေရဲ့ ခိုအောင်းတည်ရှိနေရာ အကြမ်းဖက်သမားတွေ စုစည်းရာ နေရာဖြစ်လို့သာဖြစ်တယ်ဒါ့ကြောင့် စစ်ရေးလိုအပ်ချက်အရ စစ်ဆင်ရေး ဆောင်ရွက်ခြင်းသာဖြစ်တယ်တပ်မတော်ဟာ ဖြစ်တည်မှုသမိုင်းစဉ်ကနေ လက်ရှိ အခြေအနေ အထိ အရပ်သားပြည်သူတွေအပေါ် တိုက်ခိုက်တာ မရှိကြောင်းနဲ့ မမှန်သတင်း ဖြန့်မှုအပေါ် ဖြေရှင်းစရာမရှိဘူးလို့ ပြောချင်တယ်။

Leave a Reply

Your email address will not be published. Required fields are marked *