၁၀. ၇. ၂၀၂၃
Written by Peya

ဒိန်းမတ်နိုင်ငံ၏မြို့တော် ကိုပင်ဟေဂင်တွင် မြန်မာ့ရိုးရာ အစဉ်အလာအတိုင်း ရှင်ပြုပွဲနှင့် ရှင်လောင်းလှည့်လည်ပွဲ ပြုလုပ်ရာ လွှတ်တော်အမတ်အပါအဝင် ပတ်ဝန်းကျင်မှ ဒေသခံများက စိတ်ဝင်တစား ကြည့်ရှုခဲ့ကြကြောင်း ဒိန်းမတ်နိုင်ငံ သာသနာပြုဆရာတော် အရှင်ကုသလသာမိ က MT News သတင်းဌာနသို့ မိန့်ကြားသည်။

This image has an empty alt attribute; its file name is photo_2023-07-10_14-54-26-2-1024x768.jpg

အဆိုပါ ရှင်ပြုပွဲကို ဓမ္မဆာယာ ဓမ္မအရိပ် သာသနာပြုကျောင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ဒုလ္လဘ ရဟန်းတော် ၃ ပါး၊ ကိုရင် ၄ ပါးနှင့် သီလရှင် ၁ ပါး ပါဝင်ကြောင်းလည်း ဆရာတော်က မိန့်သည်။

This image has an empty alt attribute; its file name is photo_2023-07-10_14-54-26-1024x576.jpg

“(ဒေသခံတွေအတွက်) ထူးဆန်းနေတာပေါ့နော်။ အရမ်းပျော်ကြတယ်။ ဒိန်းမတ်က လွှတ်တော်ကိုယ်စားလှယ်လည်း လာကြည့်တယ်။ ရပ်ကွက်ထဲ ပတ်တယ်။ ကြေးစည်လည်း ထုတယ်။ ပြီးတော့ အလှူမင်္ဂလာ သီချင်းလည်း ဖွင့်ပြီးတော့ လှည့်တာပါ” ဟု ဆရာတော်က မိန့်ကြားသည်။

ထိုသို့ ရှင်လောင်းမလှည့်မီကပင် ပြုလုပ်မည် ဖြစ်ကြောင်းကို အိမ်နီးချင်းများထံ စာတိုက်ပုံးကတစ်ဆင့် စာပို့ထားခြင်းဖြစ်ကာ မြန်မာရိုးရာ အစားအသောက်များကို ကျောင်းဝန်းတွင် လာရောက် သုံးဆောင်နိုင်သည်ဟုလည်း ဖိတ်ကြားခဲ့ကြောင်း ဆရာတော်က မိန့်ကြားသည်။

This image has an empty alt attribute; its file name is photo_2023-07-10_14-54-27-1024x576.jpg

“ဒီလို လုပ်တာက အရမ်းကောင်းပါတယ်။ မြန်မာ့ရိုးရာကိုလည်း သိစေတယ်” ဟု ဂျာမနီနိုင်ငံမှ လာကာ အဆိုပါ ပွဲတွင် ဒုလ္လဘ ရဟန်းခံခဲ့သူ ပြည်ပရောက် မြန်မာနိုင်ငံသား ဆရာတော်က မိန့်ကြားသည်။

ဗုဒ္ဓဘာသာ ၏ ဓလေ့များကို လိုက်ပါ လုပ်ဆောင်ရသည့်အပေါ် ဂုဏ်ယူကြောင်း အဆိုပါ ရှင်ပြုပွဲတွင် ပါဝင်သူ ကိုရင်တစ်ပါးကလည်း MT News သတင်းဌာနသို့ မိန့်ကြားသည်။

“သင်္ကန်း ဝတ်ရတာ ပျော်တယ်။ ကောင်းတယ်။ ဘုရားရှိခိုးရတာ ကြိုက်တယ်။ ညစားတော့ လုံးဝ မစားဘူး။ ဗိုက်တော့ နာတယ်” ဟု ရှင်ပြုပွဲတွင် ကိုရင်ဝတ်ခဲ့သည့် အခြား ကိုရင်တစ်ပါးကလည်း မိန့်ကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *