သေဆုံးခဲ့သည့် KIA နှင့် PDF အလောင်းများကို တွေ့ရစဥ်

MT News

Written by Nay Moe

အောက်တိုဘာ ၂၄ ရက် ည ၈ နာရီကျော်တွင် ကချင်ပြည်နယ် ဖားကန့် KIO ၏ တပ်မဟာ ၉ နယ်မြေ၌ SAC က လေကြောင်းမှ တိုက်ခိုက်ခဲ့မှုအပေါ် KIO ခေါင်းဆောင်များ၊ ကချင်အနုပညာရှင်များ၊ အရပ်သားများပါ သေဆုံးခဲ့သည်ဟု သတင်းများထွက်နေပြီး လက်ရှိတွင် အဆိုပါတိုက်ခိုက်မှုအပေါ်  အဖွဲ့အစည်းများစွာက စာထုတ်ကန့်ကွက်ထားသည်။

KIO ၆၂ နှစ်ပြည့်ပွဲတော်အတွက် ပြင်ဆင်နေချိန် တိုက်ခိုက်ခဲ့သဖြင့် လူ ၃၀ (သို့မဟုတ် ၆၀) ထက်မနည်းသေဆုံးသည်ဟု ဆိုနေကြပြီး MT News က တွေ့မြင်ရသော ပုံအချို့အရ အဆိုပါတိုက်ခိုက်မှုတွင် ငယ်ရွယ်သော လက်နက်ကိုင်အဖွဲ့ဝင်အများစုသာ တွေ့မြင်ရသည်။

အဆိုပါ ဖြစ်စဥ်အပေါ် GNSC အပါအဝင် ရှစ်ဖွဲ့၊ AA အပါအဝင်မြောက်ပိုင်း သုံးဖွဲ့၊ Special Advisory Council Myanmar၊ ICNCC၊ KNPP၊ All Kachin Students’ Federation-AKSF ၊ စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုကော်မတီ(AJMM) ၊ Blood Money Campaign ၊ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ(GSC) ၊ လူမျိုးပေါင်းစုံအထွေထွေသပိတ်ကော်မတီ(GSCN) ၊ Kachin National Youth Network-KNYN ၊ Kachin State Civilian Movement-KSCM နှင့် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)-WLB စသည့်အဖွဲ့အစည်းများစွာ စာထုတ်ကန့်ကွက်ခဲ့သလို သြစတြေးလျ၊ ကနေဒါ၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ သံရုံးများဖြစ်ကြသော – ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန်နှင့် ဆွီဒင်နိုင်ငံ တို့အပြင် နော်ဝေ၊ ဆွစ်ဇာလန်၊ ယူကေနှင့် အမေရိကန်နိုင်ငံတို့မှ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့် သံရုံးအကြီးအကဲများက ပူးပေါင်းလက်မှတ်ရေးထိုး ကန့်ကွက်စာထုတ်ပြန်ခဲ့ကြသည်။ ထို့အတူ KIO ကလည်း ဝမ်းနည်းအထိမ်းအမှတ်အဖြစ် အလံတစ်ဝက်လွှင့်ထူခဲ့မှုပြုခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *