April 28, 2024

၃၀. ၆. ၂၀၂၃
Written By Thandar

Miss Universe Bago & Pathein 2023 ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် နံပါတ် ၁ သျှင်မေခ (ခ) မေဇင်တင့်နိုင် က Audition Day ဇွန်လ ၂၃ ရက်ထဲက ပညာရေး‌ Background နောက်ခံမှာ ဆေးကျောင်းသူအနေနဲ့ လိမ်လည်ဝင်ရောက်ယှဥ်ပြိုင်တဲ့အတွက် ပြိုင်ပွဲမှ တရားဝင်ထုတ်ပယ်မယ်လို့ တရားဝင်အသိပေး ကြေညာခဲ့တာ ဖြစ်ပါတယ်။

“ဒီပြိုင်ပွဲ စတင်ပြိုင်တည်းက ပြိုင်ပွဲဝင် မိန်းကလေး ၁၇ ယောက်လုံးကို ဒီပြိုင်ပွဲပြီးဆုံးသည်အထိ ဘာအကြောင်းကြောင့်ဖြစ်စေ ဆက်လက်ယှဉ်ပြိုင်ပါမယ်။ တကယ်လို့ နှုတ်ထွက်ခဲ့ရင် လျော်ကြေးငွေ ၅သိန်းပေးလျော်ပါမယ်လို့ မိဘအုပ်ထိန်းသူ‌ရှေ့မှောက်မှာ လက်မှတ်ရေးထိုးစေခဲ့ပါတယ်။ သျှင်မေခ (ခ) မေဇင်တင့်နိုင်က သူ့ဘက်က စတင်ပြီး ကျန်းမာရေးအကြောင်းကြောင့် ဆက်လက်မယှဉ်ပြိုင်နိုင်ပါဘူးလို့ စတင် Post တင်ခဲ့တယ်။ လျော်ကြေးငွေ တောင်းခံတဲ့ အခါမှာလည်း ပေးလျော်ခြင်းမရှိ Organization ဘက်ကိုလည်း တောင်းပန်ခြင်းမရှိဘဲ နှုတ်ထွက်သွားတဲ့အတွက် ကျွန်မတို့ Organization ဘက်ကလည်း ပညာရေး Background နောက်ခံ အကြီးမားဆုံး လိမ်လည်တဲ့အတွက် Organization မှ ထုတ်ပယ်လိုက်ပြီ။ Organization ဘက်မှ တရားဥပဒေအတိုင်း စည်းကမ်းချက် လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ ထိရောက်စွာ ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်”လို့ Miss Universe Bago & Pathein က တရားဝင်အသိပေးလာတာဖြစ်ပါတယ်။

သူမဟာ ၂၀၁၉ ခုနှစ် အခြေခံပညာ အထက်တန်းဆင့် စာမေးပွဲမှာ အ.ထ.က ၇ ပဲခူးရဲ့ ခြောက်ဘာသာ ဂုဏ်ထူးထွက်ခဲ့ပြီး ဆေးတက္ကသိုလ်(တောင်ကြီး)မှာ 2nd year MBBS (ဆေးကျောင်း ဒုတိယနှစ်) တက်နေခဲ့တယ်လို့ လိမ်လည်ပြီး ပြိုင်ပွဲ‌ဝင်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News