April 28, 2024

၃၀. ၆. ၂၀၂၃
Written by Peya

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တွင် အုတ်သယ်ကား ဘရိတ်ရှူးပေါက်ပြီး တစ်ဖက်ယာဉ်ကြောက ခရီးသည်တင် ကားငယ်ကို မျက်နှာချင်းဆိုင် ဝင်တိုက်မိသည့်အတွက် ခရီးသည်တင်ကားပေါ်ပါသူအားလုံး ဒဏ်ရာရသွားသည့်ဖြစ်စဉ် တစ်ခု ဖြစ်ပွားခဲ့ကြောင်း မြိတ်မြို့နယ် မီးသတ်တပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။

This image has an empty alt attribute; its file name is photo_2023-06-30_14-43-09-1024x768.jpg

အဆိုပါ ဖြစ်စဉ်မှာ ဇွန်လ ၃၀ ရက် နံနက်ပိုင်း ၈ နာရီ ၅၃ မိနစ်က တနင်္သာရီ-မြိတ် ကားလမ်း၊ မြိတ်မြို့နယ်၊ ရွှေဒူးကျေးရွာအုပ်စု၊ မရင်းငယ်ကျေးရွာတွင် FORLAND အမျိုးအစားအုတ်တင်ယာဉ်နှင့် Nissan Caravan အမျိုးအစား မိုးသောက်ကြယ် ခရီးသည်တင်ယာဉ်တို့ တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“မိုးနည်းနည်းကျနေတယ်။ ပြီးတော့ အုတ်သည်ကားက ဘရိတ်ရှူးပေါက်ပြီးတော့ မျက်နှာချင်းဆိုင် ကားကို တိုက်မိတာပါ” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။

This image has an empty alt attribute; its file name is photo_2023-06-30_14-43-08-2-1024x768.jpg

အဆိုပါဖြစ်စဉ်တွင် ခရီးသည်တင်ကားပေါ်၌ ယာဉ်မောင်းအပါအဝင် အမျိုးသားနှစ်ဦး၊ အမျိုးသမီး ခြောက်ဦး ပါဝင်ကာ အားလုံးတွင် မစိုးရိမ်ရ ဒဏ်ရာများရသွားခဲ့ကြောင်းလည်း သိရသည်။

“ကယ်ဆယ်ရေး ဖြစ်စဉ်တစ်ခုလုံးကတော့ ၄၅ မိနစ်လောက် ကြာမယ်။ အုတ်သယ်ကားကို အရင် ကရိန်းနဲ့ ဆွဲထုတ်ရတယ်။ ယာဉ်မောင်းက ကားမှာ လက်ညပ်နေတာ။ အဲ့ဒါကိုလည်းကားကို ဖြတ်တောက်ပြီးတော့ ကယ်ဆယ်ခဲ့ပါတယ်” ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *