April 27, 2024

၃၀. ၆. ၂၀၂၃
Written By Thandar

ဇွန်လ ၃၀ရက်မှာ ကျင်းပတဲ့ Miss Universe Amarapura & Kyaukse 2023 ပြိုင်ပွဲကို အလှမယ်ဟောင်း သင်းသင်း ဝင်‌ရောက်ယှဥ်ပြိုင်နေတယ်လို့ သိရပါတယ်။

“သင်း တို့ အလှမယ် ပြိုင်ခဲ့တဲ့ခေတ်ကတော့ social media ကို သိပ်တွင်တွင်ကျယ်ကျယ် မသုံးကြသေးဘူး။ သင်းနဲ့ကြုံတွေခဲ့ရတဲ့ Organizer ရဲ့လူဆန်တဲ့ တချို့စကားလုံးတွေကြောင့် တချို့အတွေ့အကြုံတွေလည်း အများကြီးရခဲ့ပါတယ်။ ဒီဘက်ခေတ်မှာ သင်းကိုယ်တိုင်က ပြိုင်ပွဲဝင်ချင်စိတ် ရှိလာလို့ပါ။ သင်း အရွယ်လေး ရှိတုန်းမှာ အခွင့်အရေးရှိတုန်း ပြိုင်ဖြစ်မှာပါ။ Title ဆုတွေလည်း မမှန်းတော့ပါဘူး၊ ဒီလောကလာတဲ့သူဆိုတာတော့ တော်တော် များများလည်း သိနေပါပြီ။ ကိုယ့် မချပြခဲ့ရတဲ့အရာတွေကို ပြန်ချပြချင်တဲ့ သဘောနဲ့ အလှမယ်ပြိုင်မှာပါ။ ကိုယ့်ထက်တော်တဲ့သူတွေလည်း ရှိတယ်လေ ။ သင်းက ကြိုးစားချင်စိတ် ပြိုင်ချင်တဲ့စိတ်လေးနဲ့ပြိုင်မှာပါ ။ စစ်မှန်တဲ့ ပုံစံမျိုးပဲလိုချင်တာပါ၊ ဘယ် Crown ရရမယ်လို့ သင်းမှာ မရှိပါဘူး။ အရမ်းကို ကျယ်ပြန့်ပြီး တိုးတက်လာတဲ့ ခေတ်မှာ ကိုယ့်ထက်တော်တဲ့ တတ်တဲ့ ကလေးတွေလည်း ရှိပါတယ်။ အရမ်းကြီးတော့ သင်း မျှော်လင့်မထားပါဘူး”လို့ အလှမယ်ဟောင်း သရုပ်ဆောင် သင်းသင်းကပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-06-30_13-08-38-694x1024.jpg

သူမဟာ Celebrity တစ်ဦးဖြစ်ပြီး ယခင်အလှမယ် ပြိုင်ပွဲတွေမှာလည်း ဆုရရှိထားဖူးလည်း ဖြစ်ပါတယ်။ ဇွန်လ ၂၉ ရက်နေ့ကစပြီး ဇူလိုင်လ ၇ ရက်အထိ ကျင်းပပြုလုပ်မယ့် Miss Universe Amarapura & Kyaukse 2023 ပြိုင်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်သွားမှာလည်း ဖြစ်ပါတယ်။

Miss Universe Amarapura & Kyaukse 2023 ပြိုင်ပွဲမှာ အမရပူရနဲ့ ကျောက်ဆည်မြို့ ကိုယ်စားပြုအ လှမယ် ၂ ဦးကို တပြိုင်နက် ရွေးချယ်သွားမယ်လို့လဲ သိရပါတယ်။ အဆိုပါပြိုင်ပွဲမှ ဆုရလာသူ အလှမယ်တွေက Miss Universe Myanmar 2023 ပြိုင်ပွဲကြီးမှာ ဆက်လက်ယှဥ်ပြိုင် သွားကြ ရမှာ ဖြစ်ပါတယ်။

သင်းသင်း က လက်ရှိမှာ ကြော်ငြာတွေ ရိုက်ကူးနေသလို Live Sale တွေကိုလည်း စီစစ်ရိုက်ကူးဖြစ်နေတယ်လို့ ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News