ဝန်ကြီးချုပ်ဟွန်ဆန်အား ကမ္ဘောဒီးယားအလုပ်သမားများနှင့်အတူ ဇွန်လ ၂၉ ရက်ကတွေ့ရစဉ်။

၃၀. ၆. ၂၀၂၃

Translated by Htwe Ko Tun

ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်ဟွန်ဆန်က Facebook လူမှုကွန်ရက် သူ့ရဲ့စာမျက်နှာမှာတင်ခဲ့တဲ့ပြိုင် ဘက်တွေအပေါ် ခြိမ်းခြောက်တဲ့ ဗီဒီယိုတစ်ခုကြောင့် လူမှုကွန်ရက်ရဲ့ကုမ္ပဏီဖြစ်တဲ့ Meta ရဲ့ ကြီးကြပ်စောင့်ကြည့်ရေးအဖွဲ့က ဟွန်ဆန်ရဲ့စာမျက်နှာကို ခြောက်လကြာပိတ်ပင်တယ်လို့ ဆုံးဖြတ်ခဲ့ပြီးနောက် နာရီအနည်းငယ်အကြာ ဇွန်လ ၂၉ ရက် ညပိုင်းမှာပဲ ဝန်ကြီးချုပ်ဟွန်ဆန်က သူ အသုံးပြု‌နေတဲ့ Facebook လူမှုကွန်ရက်ရှိ အကောင့်အား ပိတ်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

တစ်ဆက်ထဲမှာပဲ ပြည်သူတွေနဲ့ဆက် သွယ်ဖို့အတွက်တော့ Telegram နှင့် TikTok လူမှုကွန်ရက်တွေကို အသုံးပြုသွားမယ်လို့လဲ ဟွန်ဆန် က Telegram ကနေကြေညာခဲ့ပါတယ်။

ဟွန်ဆန်က သူ့ရဲ့ Telegram အကောင့်ကို အသုံးပြုရတာက ပြည်သူနဲ့ဆက်သွယ်ရာမှာ ပိုလို့ထိရောက်မှု ရှိတယ်လို့ Telegram စာမျက်နှာမှာတင်ခဲ့ပါတယ်။ဟွန်ဆန် က “ကျွန်တော် Facebook သုံးတာရပ်လိုက် ဖို့ဆုံးဖြတ်လိုက်ပြီ။အဲဒီမှာ ကျွန်တော့်စာမျက်နှာကို follower ၁၄ သန်းကျော်ရှိပါတယ်။ဒါပေမယ့် ကျွန် တော်ရဲ့ စာမျက်နှာကို Facebook မှာပိတ်လိုက်ပြီ။အခု Telegram မှာလဲ ကျွန်တော့စာမျက်နှာမှာ Subscribers ၈၅၅,၀၀၀ အထိရှိလာပါပြီ” လို့ ပြောခဲ့ပါတယ်။

ဒါ့ပြင် ဟွန်ဆန်ကFacebook မှာ သူ့ဟန်ဆောင်ထားတဲ့ စာမျက်နှာအတုတွေ အများကြီးရှိနေတာကြောင့် လည်း Facebook စာမျက်နှာကို ပိတ်ဖို့ဆုံးဖြတ်ခဲ့တာလို့ပြောခဲ့ပါသေးတယ်။ ပြည်သူတွေအနေနဲ့ အခုဆို သူနဲ့ပတ်သက်တဲ့သတင်းတွေကို Telegram, YouTube, Instagram နဲ့ TikTok တို့မှာ ရရှိနိုင်မှာပါ လို့ ဝန်ကြီးချုပ်ဟွန်ဆန် ကပြောကြားသွားခဲ့‌ကြောင်း သိရပါတယ်။
Ref—– Khmer Times, Nikkei Asia

Leave a Reply

Your email address will not be published. Required fields are marked *