၃၀. ၆. ၂၀၂၃
Written By Thandar

မထင်မှတ်ထားတဲ့အကြောင်းအရာတွေပါဝင်တဲ့ မြန်မာ LGBT Makeup Artist သရုပ်ဆောင် ခင်စန်းဝင်းရဲ့ ဘဝဇာတ်လမ်းကို အခြေခံထားတဲ့”စိန်တစ်ပြည်သိင်္ဂီ” ဇာတ်လမ်းတွဲ ဒီနေ့ ဇွန်လ ၃၀ ရက် ည ၈ နာရီမှာ Fortune TV က ထုတ်လွှင့်မှာ ဖြစ်ပါတယ်။

This image has an empty alt attribute; its file name is photo_2023-06-30_12-13-34-724x1024.jpg

“ဒီကားမှာ ပတ်ဝန်းကျင်ရဲ့ မနာလိုမှု၊ တိုက်ခိုက်မှုနဲ့ မေတ္တာ အတုအယောင်တွေကြားထဲမှာ ကြိုးစားရှင်သန်ရမယ့် LGBT တစ်ယောက်ရဲ့ စိတ်ဝင်စားဖွယ် ဇာတ်လမ်းလေးလည်း ဖြစ်ပါတယ်။ ဒီကားထဲမှာ မကြီးစန်းပုံစံက ခက်ထန်ကြမ်းတမ်းတဲ့ ပုံစံတွေ လုပ်ရတယ်။ ဇာတ်ဝင်ခန်းတချို့ဆိုရင် မကြီးစန်းအတွက် အခက်အခဲဆုံး အပိုင်းလေးတွေလည်း ရှိတယ်။ မကြီးစန်းကို အခွင့်အရေးပေးတဲ့အတွက် သရုပ်ဆောင်ခွင့်ရခဲ့ပါတယ်။ ဝါရင့်အနုပညာရှင်မဟုတ်တဲ့အခါ လိုအပ်ချက်တွေ လစ်ဟာမူတွေက ရှိနေမှာပါ။ မေတ္တာရှေ့ထားပြီး ချစ်ခင်တဲ့စိတ်နဲ့အားပေးဖို့မျှော်လင့်ပါရစေ” လို့ Makeup Artist သရုပ်ဆောင် ခင်စန်း၀င်းက ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-06-30_12-13-39-1024x576.jpg

ဒီဇာတ်လမ်းတွဲမှာ အထူးပါဝင်သရုပ်ဆောင်ထားတဲ့ မိတ်ကပ်အလှဖန်တီးပညာရှင် သရုပ်ဆောင် ခင်စန်းဝင်း၊ သရုပ်ဆောင် မင်းအာကာ၊ ဝိုင်းချစ်၊ K ညီ ၊ ပန်းသီးနဲ့ အတူ စတဲ့ အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

အဆိုပါ ဇာတ်လမ်းတွဲက‌ ပရိသတ် မြင်တွေ့နေကြ ဇာတ်လမ်းတွဲပုံစံမျိုးနဲ့ မတူညီဘဲ မြန်မာနိုင်ငံရဲ့ LGBT တစ်ဦး အထူးပါဝင်သရုပ်ဆောင်ထားတဲ့ “စိန်တစ်ပြည်သိင်္ဂီ” ဇာတ်လမ်းတွဲဟာ အပိုင်း ၂၀ ပါ၀င်ပြီး ဒီနေ့ ဇွန် ၃၀ ရက်ကနေ ဇူလိုင် ၈ ရက်အထိ ည ၈ နာရီက စတင်ပြီး အပတ်စဉ် တနင်္လာနေ့ကနေ သောကြာနေ့အထိ Fortune TV မှာ ပြသမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *