MT News

Written by Min Mahar

လယ်တောထဲသို့ အလုပ်လုပ်ရန်သွားသောလူနှစ်ဦး PDF များထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိမှု ရွှေဘိုမြို့နယ်တွင် ဇွန်လ ၂၉ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ဇွန်လ ၂၉ ရက် မနက် ၅ နာရီ ၃၀ မိနစ်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုမြို့နယ်၊ တည်သီးတောကျေးရွာတွင်နေထိုင်သည့် အသက် ၄၈ နှစ်အရွယ်အမျိုးသားနှင့် အသက် ၃၉ နှစ်အရွယ်အမျိုးသမီးတို့သည် ကျေးရွာ၏မြောက်ဘက်၌ရှိသော ၎င်းတို့၏ လယ်တောသို့ အလုပ်လုပ်ရန်သွားရောက်စဉ် PDF အဖွဲ့များထောင်ထားသော လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့ရာ ဒဏ်ရာများရရှိခဲ့သဖြင့် ဒေသခံလူမှုကူညီရေးကားဖြင့် ရွှေဘိုမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

အဆိုပါပေါက်ကွဲမှုကြောင့်အမျိုးသားဖြစ်သူသည် ဝဲဘက်လည်ပင်း ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ဝဲဘက်တံတောင်ဆစ် ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ယာဘက်ပေါင်ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ယာခြေသလုံး ပေါက်ပြဲဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)နှင့် အမျိုးသမီးဖြစ်သူတွင် ဝဲဘက်နားထင် ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ဝဲဘက်တင်ပါး စုတ်ပြဲဒဏ်ရာ ၁ ချက်၊ ဝဲဘက်ခြေသလုံး ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ဝဲဘက်ခြေသန်း ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ယာတံတောင်ဆစ် စုတ်ပြဲဒဏ်ရာ ၁ ချက်၊ ဝဲဘက်ပခုံးပေါက်ပြဲ ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)တို့ ရရှိခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *