April 28, 2024

၃၀. ၆. ၂၀၂၃

Written by Naing Thuta

ချမ်းမြသာစည်မြို့နယ်တွင် လမ်းဘေး၌ ကျူးကျော်ဆောက်လုပ်နေထိုင်သော နေအိမ် ၁၀ လုံးအား ယနေ့ (ဇွန်လ ၃၀ ရက်) နံနက်ပိုင်းက မန္တလေးမြို့တော်စည်ပင်သာယာရေးအဖွဲ့မှ ဖြိုဖျက်ရှင်းလင်းနေကြောင်း မြို့နေပြည်သူများပြောပြချက်အရ ကနဦးသိရသည်။

This image has an empty alt attribute; its file name is photo_2023-06-30_13-07-30-3.jpg

ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်ခန့်မှ ၁၁ နာရီ ၃၅ မိနစ်ထိ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်၊ အကွက်အမှတ် ( ဗ-၂၉)၊ ပရံတော်ချောင်းအရှေ့ဘက်၊ ၁၁၄(E) လမ်းနင့် ၁၁၅ လမ်းကြားရှိ လမ်းဘေးကျူးကျော်ဆောက်လုပ်နေထိုင်သည့် နေအိမ် ၁၀ လုံး (အခိုင်အမာ ၄လုံး၊ ယာယီ ၆လုံး)၊ အိမ်ထောင်စု ၁၀ စု၊ ကျား ၂၂ ဦး၊ မ ၂၈ ဦး၊ စုစုပေါင်း ၅၀ ဦးတို့အား ဖယ်ရှားရှင်းလင်းခဲ့ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *