April 28, 2024

၃၀. ၆. ၂၀၂၃

Written by Nay Moe

ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှုအခြေအနေများကို ယမန်နေ့က ရှင်းလင်းပြသရာ လုပ်ငန်းရှင် ၁၀၁ ဦးက ကျပ် ၁၇ ဘီလျံခန့် လှူဒါန်းခဲ့သည်ဟု သိရသည်။

အခမ်းအနားသို့ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည် ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ သာသနာနုဂ္ဂဟဘွဲ့ရပုဂ္ဂိုလ်များ၊ ပြည်တွင်းဘဏ်များနှင့် ကုမ္ပဏီကြီးများမှတာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်တွင်း ရုပ်သံလိုင်းများနှင့် ဆက်သွယ်ရေးအော်ပရေတာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သတ္တုလုပ်ငန်းကုမ္ပဏီများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မာရဝိယဇယရုပ်ပွားတော်မြတ်ကြီး တည်ဆောက်မှုနှင့် လက်ရှိအခြေအနေများ ရှင်းလင်းတင်​​ပြခဲ့သည်။

This image has an empty alt attribute; its file name is 356660514_130980630019420_1284127001066307152_n.jpg

ထို့နောက် အခမ်းအနားတက်ရောက်လာကြသူများက မာရဝိဇယဗုဒ္ဓဥယျာဉ်တော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓဥယျာဉ်တည်ဆောက်ခြင်းအတွက် ကြည်ညိုသဒ္ဒါ ပွားများလျက် အလှူငွေများကို ပေးအပ်လှူဒါန်းလာသဖြင့် ကြားဖြတ်အစီအစဉ်အဖြစ် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်ဝန်ကြီးချုပ်က လက်ခံရယူသည်။

This image has an empty alt attribute; its file name is 347385283_130981336686016_5138283189428581417_n-1024x682.jpg

ယင်းနောက် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကျေးဇူးတင်စကားပြောကြားရာတွင် မိမိတို့အနေဖြင့် ငွေကြေး အကုန်အကျများစွာဖြင့် တည်ထားခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့သော ဗုဒ္ဓ ရုပ်ပွား တော်မြတ်ကြီး ထပ်မံတည်ဆောက်ရန်အတွက် မလွယ်ကူကြောင်း၊ တည်ဆောက်ခြင်း လုပ်ငန်းများဆောင်ရွက်ချိန်တွင် အခက်အခဲများလည်းရှိခဲ့ကြောင်း၊ သာသနာ့ဗိမာန် တော်ကြီးကိုလည်း အချိန်မီပြီစီးနိုင်ရေး နေ့၊ ည မပြတ်ဆောင်ရွက်ခဲ့ရကြောင်း၊ သာသနာတော်ဘွဲ့တံဆိပ်ရရှိခဲ့သည့် ပုဂ္ဂိုလ်များနှင့် ဘဏ်လုပ်ငန်းရှင်များ၊ စီးပွားရေး ဆိုင်ရာပုဂ္ဂိုလ်များကို အသိပေးလိုသဖြင့် ဖိတ်ကြားဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခမ်းအနားကို အချိန်နှင့်နေရာကန့်သတ်ချက်များကြားမှ ဆောင်ရွက်ခဲ့ရခြင်းဖြစ် ကြောင်း၊ လှူဒါန်းမှုများနှင့်ပတ်သက်၍ သဒ္ဒါတရားထက်သန်မှုများဖြင့်လှူဒါန်းခဲ့ ကြသည်ကို တွေ့ရှိရကြောင်း၊ အဆောက်အဦများအလိုက် လှူဒါန်းခဲ့သည့် အလှူရှင် များ၏ အမည်များကိုလည်း ကျောက်ချပ်များပေါ်တွင် ရေးထိုး၍ ကဗ္ဗည်းမှတ်တမ်း ထားရှိပေးမည်ဖြစ်ကြောင်း၊ ယခုတည်ထားကိုးကွယ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်ကြီးသည် ပမာဏကြီးမားပြီး လုပ်ငန်းများလည်း ကြီးမားပါကြောင်း၊ ထို့ကြောင့်ယခုတခဏအချိန်အတွင်း သဒ္ဒါတရားထက်သန်စွာဖြင့် လှူဒါန်းခဲ့ကြသည့် အလှူရှင်များအားလုံးကိုကျေးဇူးတင်ရှိပါကြောင်း ဖြင့်ပြောကြား သည်။

This image has an empty alt attribute; its file name is 347397242_130981436686006_2138657392133449492_n-1024x665.jpg

ထို့နောက် အခမ်းအနားတက်ရောက်လာကြသူများသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း ဘာဂီယာဉ်ငယ်များဖြင့်လှည့် ကြည့်ရှုဖူးမြော်ကြရာ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများကလိုက်လံ ရှင်းလင်းပြသကြသည်။

ယနေ့ကျင်းပပြုလုပ်သည့်အခမ်းအနားတွင် အခမ်းအနားတက်ရောက်လာကြ သူများက သဒ္ဒါတရားစိတ်ထက်သန်စွာဖြင့် လှူဒါန်းသည့် အလှူရှင် ၁၀၁ ဦး၏ လှူဒါန်းမှု စုစုပေါင်းမှာ ငွေကျပ် ၁၆၁၇၇ သန်း (၁၆ ဒသမ ၁၇၇ ဘီလျံ) ဖြစ်ကြောင်း သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News