၂၄. ၆. ၂၀၂၃
Written by Kyaw Soe Moe (Pyapon)

ဖျာပုံခရိုင် (၄) မြို့နယ် ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် ရွတ်ဆိုပူဇော်ပြိုင်ပွဲကို ယနေ့ ဇွန်လ ၂၄ ရက်နေ့ မနက် ၉ နာရီအချိန်က ဖျာပုံခရိုင်ရတနာ့သိဒ္ဓိသာသနာဗိမာန်တော်ကြီး၌ ကျင်းပခဲ့သည်။

This image has an empty alt attribute; its file name is photo_2023-06-24_12-10-49-1024x459.jpg

ဓမ္မစကြာရွတ်ဆိုပူဇော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် ဆရာတော်အရှင်သူမြတ်များက ငါးပါးသီလ တရားပေးပြီး ဖျာပုံခရိုင်စီမံအုပ်ချပ်ရေးအဖွဲ့ဥက္ကဋ္ ဌဦးတင်လင်းနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများမှ နမောတသ သုံးကြိမ်ရွတ်ဆိုပြီး ရေစက်သွန်းချကာ အခမ်းအနားကိုဖွင့်လှစ်ပေးခဲ့သည်။

This image has an empty alt attribute; its file name is photo_2023-06-24_12-10-50-1024x458.jpg

အဆိုပါ ရွတ်ဆိုပြိုင်ပွဲသို့ ဖျာပုံမြို့နယ်၊ ဘိုကလေးမြို့နယ်၊ ကျိုက်လတ်မြို့နယ်၊ ဒေးဒရဲမြို့နယ်များမှ ဝတ်အသင်းများ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အထူးဆုများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ဖျာပုံခရိုင် အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *