၂၄. ၆. ၂၀၂၃
Written by Pan Ei
အမေရိကန် ပေါ့ပ်၊ ရော့ခ်အဖွဲ့ Jonas Brothers နဲ့ တောင်ကိုရီးယားအဆိုရှင်အဖွဲ့ TXT (Tomorrow X Together) တို့ ပူးပေါင်းသီဆိုထားတဲ့ သီချင်းသစ်ထွက်ရှိတော့မယ်လို့ သူတို့ရဲ့ လူမှုမီဒီယာစာမျက်နှာတွေကနေတစ်ဆင့် ကြေညာခဲ့ပါတယ်။
Jonas Brothers နဲ့ TXT တို့ရဲ့ ထွက်ရှိလာမယ့် သီချင်းသစ်ခေါင်းစဉ်က “Do It Like That” ဖြစ်ပြီး လာမယ့် ဇူလိုင်လ ၇ ရက်နေ့မှာ ထွက်ရှိဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
ဂရမ်မီဆု ဆန်ခါတင်စာရင်းဝင်အဖွဲ့ Jonas Brothers နဲ့ နာမည်ကျော် Kpop အဖွဲ့ TXT တို့ တွဲဖက် သီဆိုထားတဲ့ သီချင်းသစ်ထွက်ရှိလာမယ့် သတင်းထွက်ပေါ်ပြီးကတည်းက ကမ္ဘာ့အနှံ့က ပရိသတ်တွေက ချိုမြလှတဲ့ အသံလေးတွေကို နားဆင်နိုင်ဖို့ စိတ်လှုပ်ရှားစွာနဲ့ စောင့်ဆိုင်းနေကြပါတယ်။
၂၀၁၉ ခုနှစ်က Bit Hit အင်တာတိန်းမန့်က ပွဲဦးထွက်ကတည်းက TXT ဟာ အထင်ရှားဆုံး အမျိုးသားအဖွဲ့တွေထဲက တစ်ဖွဲ့ဖြစ်လာခဲ့ပြီး ၂၀၁၉ Melon Music Awards ဆုပေးပွဲမှာ အကောင်းဆုံးလူသစ်အဖွဲ့ဆု အပါအဝင် ဆုအများအပြားကို ရရှိထားတဲ့ နာမည်ကြီး အမျိုးသား Kpop အဖွဲ့ တစ်ဖွဲ့လည်းဖြစ်ပါတယ်။
Ref; CNA
