၁၀. ၆. ၂၀၂၃
Written By Thandar

တေးရေး တေးဆို Young P (ခ) ကိုထက်ပိုင်ဌေးနဲ့ မသွန်းချစ်ဝိုင်း တို့ရဲ့ သမီးဦးရတနာ မယွန်းဝတီထက် (ခ) JUNIOR YOUNG ရဲ့ အမည်ပေးကင်ပွန်းတပ် မွေးနေ့မင်္ဂလာကို ဒီနေ့ ဇွန်လ ၁၀ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် မန္တလေးပရိယတ္တိစာသင်ကျောင်းတိုက်မှာ ကျင်းပခဲ့ပါတယ်။

” ဒီနေ့ကတော့ သမီးလေးရဲ့ ၄ လပြည့် မွေးနေ့လေးနဲ့ အမည်ပေး ကင်ပွန်းတပ်တဲ့ ပွဲလေးပါ။ သမီးလေးရဲ့နာမည်ကို နာမည်တွေအများကြီးထဲကမှ သူ့အမေ‌ရော ကျွန်တော်ရော နှစ်ယောက်လုံး သဘောကျတဲ့နာမည်လေး ပေးလိုက်တာပါ။ သူ့မျက်နှာလေးနဲ့ လိုက်ဖက်မယ့်နာမည်လေးဖြစ်သလို ကျွန်တော့်နာမည် ထက်ဆိုတဲ့ နာမည်လည်း ပါတယ်လေ။ ဒီနာမည်လေးကိုတော့ ဇာတာတွက်ချက်ပြီးတော့မှ ပေးဖြစ်ခဲ့တာပါ။ ကျွန်တော်တို့ဘဝထဲကို သမီးရောက်လာပြီး ကတည်းက ပြောင်းလဲသွားတာ အရာရာပါပဲ။ လူမှုရေး၊ စီးပွားရေးတွေရော မိသားစုတွေကြားက ချစ်ခြင်းမေတ္တာနဲ့ ပျော်ရွှင်ခြင်းတွေကောပါပဲ။ အခု ကျွန်တော်တို့ လုပ်နေတဲ့ အရာအားလုံးကလည်း သမီးလေး အတွက်ပါပဲ ” လို့ အဆိုတော် Young P က ပြောပါတယ်။

အဆိုပါ အမည်ပေးကင်ပွန်းတပ် မွေးနေ့မင်္ဂလာမှာ မန္တလေးပရိယတ္တိစာသင်ကျောင်းတိုက်ရှိ သံဃာတော်တွေကို ဆွမ်းကပ်လှူခဲ့ပြီး အနုပညာရှင်တွေနဲ့ အပေါင်းအသင်း မိတ်ဆွေတွေကို ကြက်ဆီထမင်း၊ ရေခဲမုန့်‌တွေနဲ့ ဧည့်ခံ ကျွေးမွေးခဲ့ပါတယ်။

အဆိုတော် Young P ဟာ Believe Me ၊ Lonely ၊ လုပ်ချို ၊ ပျက်စီး ၊ စောက်ဖြစ်ရှိအောင်လုပ် စတဲ့ တေးသီချင်းတွေများစွာ ထွက်ရှိထားသူလည်း ဖြစ်ပြီး မကြာခင် ဇနီးဖြစ်သူနဲ့ သမီးဖြစ်သူအတွက် ရည်ရွယ်ထားရေးသားထားတဲ့ Pop သီချင်းသစ်တစ်ပုဒ်ကိုလည်း ထွက်ဖို့စီစဉ်နေပါတယ်။

အဆိုတော် Young P နဲ့ သွန်းချစ်ဝိုင်းတို့ဟာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလက မင်္ဂလာဆောင်ခဲ့တာဖြစ်ပြီး အခုအခါမှာ လေးလအရွယ် သမီးဦးလေးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *